ကျိုးပဲ့လွယ်တဲ့လက်သည်းတွေအတွက် ထိရောက်တဲ့ သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းရှည်ထားတဲ့သူအတိုင်းအတွက် အသုံးဝင်စေမယ့်နည်းလမ်းတွေ ဖြစ်မှာပါ။
Vitamin E
လက်သည်းကျန်းမာဖို့အတွက် Vitamin E က အကောင်းဆုံးပါပဲ။ Vitamin E ကို လက်သည်းမှာ ညတိုင်းလိမ်းပေးပြီး ၃ မိနစ်လောက် massage လုပ်ပေးရင် လက်သည်းသန်မာပြီး အစိုဓာတ်ရစေပါတယ်။ လက်သည်းခဏခဏကျိုးပဲ့တာတွေလည်း မဖြစ်တော့ပဲ healthy nails ရစေပါတယ်။
Green tea
လက်သည်းသန်စွမ်းကျန်းမာဖို့ Green tea ကလည်း ကူညီပေးပါတယ်။ နည်းလမ်းကတော့ အိုးထဲကို ရေတစ်ခွက်ထည့်ပြီးတည်ပါ။ ပွက်ပွက်ဆူလာရင် Green tea အရွက်နည်းနည်းထည့်လိုက်ပါ။ ခဏနေရင်တော့ အအေးခံပြီး လက်သည်းထည့်စိမ်ရပါမယ်။ ၁၅ မိနစ်စိမ်ပေးရင် ရပါပြီ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ ၂ ကြိမ် လုပ်ပေးရပါမယ်။
Sea salt (ပင်လယ်ဆား)
Sea salt (ပင်လယ်ဆား) ကတော့ လက်သည်းသန်စွမ်းပြီး တောက်ပြောင်စေဖို့ ကူညီပေးပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ရေနွေးအိုးထဲကို Sea salt (ပင်လယ်ဆား) – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးမွှေပါ။ ပြီးရင် လက်သည်းမြုပ်အောင် မိနစ် ၂၀ ထည့်စိမ်ပါ။ အချိန်ပြည့်ရင် လက်သည်းကို သန့်ရှင်းတဲ့အဝတ်နဲ့ သုတ်ပေးပါ။ နေ့တိုင်းလုပ်ပေးရင် သိသာတဲ့ result ကို ရရှိလာမှာပါ။
Beer
Beer ကတော့ လက်သည်းကျန်းမာပြီး အရှည်မြန်စေဖို့ ကူညီပေးပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ Beer တစ်ခွက်ကို apple cider vinegar – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာနဲ့ ရောမွှေပါ။ ပြီးရင်တော့ သံလွင်ဆီ နည်းနည်းထည့်မွှေပြီး လက်သည်းမြုပ်အောင် ၁၅ မိနစ် စိမ်ထားပါ။ အချိန်ပြည့်ရင် လက်သည်းကို သန့်ရှင်းတဲ့အဝတ်နဲ့ သုတ်ပေးပါ။ ဒီနည်းကိုတော့ တစ်ပတ် တစ်ခါ ပုံမှန်လုပ်ပေးရပါမယ်။