ဗောက်တွေနဲ့ စိတ်ညစ်နေရတဲ့ ဦးရေပြားနဲ့ဆံကေသာကို ဂရုစိုက်ဖို့ အကောင်းဆုံး Hair Mask ကို ရှာနေလား ? ဒီ Hair Mask တွေကို စမ်းကြည့်ပါ ။ ငွေကုန်ကြေးကျသက်သာပြီး ဗောက်တွေအတွက် တကယ်ကို ထိရောက်မှုရှိပါတယ်။

ဒိန်ချဉ်၊ ပျားရည်နှင့် သံပုရာ Hair Mask

သံပယိုရည်မှာပါတဲ့ citric acid က ဆံပင်ရဲ့ pH ကို ထိန်းညှိပေးပြီး ဒိန်ချဉ်က ဆံသားပျက်စီးခြင်းကို ပြုပြင်ပေးကာ ဆံသားကို ပျော့ပျောင်းစေပါတယ်။ ဒါ့အပြင် ပျားရည်က ပျားရည်က ဗောက်ထခြင်းကို သက်သာစေပါတယ်။

ဒိန်ချဉ် 1/2 ခွက်သံပုရာရည် 1 ဇွန်း ပျားရည် 1 ဇွန်း ကို ပန်းကန်လုံးတစ်လုံးထဲ ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပြီး ဆံပင် အမြစ်ကအစ ဆံသားအာဟာရပြည့်ဝစေဖို့ ဆံပင်အကုန်လုံးကိုလိမ်းပြီး မိနစ် 30 လောက်စောင့်ပါ။ ပြီးမှ အပျော့စား sulfate မပါတဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

ငှက်ပျောသီး၊ ပျားရည်၊ သံပုရာ၊ သံလွင်ဆီ Hair Mask

ဒီဟာက ဆံပင်ခြောက်တဲ့သူတွေအတွက် အရမ်းကောင်းတဲ့ Mask ပါ။ ငှက်ပျောသီးက ဆံပင်ကို သန်စွမ်းစေပြီး ဗောက်တွေကို ထိန်းပေးနိုင်သလို သံလွင်ဆီက ဆံပင်ကို ပျော့ပျောင်းစေပြီး သန်စွမ်းစေဖို့ကူညီပေးပါတယ်။ ပျားရည်က ပျားရည်က ဗောက်ထခြင်းကို သက်သာစေတဲ့အပြင် သံပယိုရည်မှာပါတဲ့ citric acid က ဆံပင်ရဲ့ pH ကို ထိန်းညှိပေးပါတယ်။

ငှက်ပျောသီးမှည့် ၂ လုံး ပျားရည် 1 ဇွန်း သံလွင်ဆီ 1 ဇွန်း သံပုရာရည် 1 ဇွန်း တို့ကို ရောမွှေပြီး ဆံပင်ကိုလိမ်းပေးပါ။ ဦးရေပြားနှင့် ဆံပင်တွင် လိမ်းပြီး မိနစ် 30 ထားထားပါ။ ပြီးမှ အပျော့စား sulfate မပါတဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

ထောပတ်သီး Hair Mask

ထောပတ်သီးမှာ ဦးရေပြားကျန်းမာရေးကို အထောက်အကူပြုတဲ့ Antioxidants ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီ Deep Conditioning Mask က ဦးရေပြားကို သက်သာစေပြီး ဆံသားကို တောက်ပြောင်စေတဲ့အပြင် သံလွင်ဆီက ဆံပင်ကို ပျော့ပျောင်းစေပြီး သန်စွမ်းစေပါတယ်။

ထောပတ်သီးမှည့် ၁ လုံး ပျားရည် 2 ဇွန်း သံလွင်ဆီ 2 ဇွန်း တို့ကိုရောမွှေပြီး ဆံပင်အကုန်လုံးကိုလိမ်းပြီး မိနစ် ၄၅ လောက်စောင့်ပါ။ ပြီးမှ အပျော့စား sulfate မပါတဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

အုန်းဆီ Mask

ဗောက်များကို ပျောက်ကင်းအောင် ကူညီပေးနိုင်တဲ့အုန်းဆီက ဆံကေသာထဲ အလွယ်တကူစိမ့်ဝင်နိုင်ပြီး ဆံသားပျက်စီးမှုကို လျော့နည်းစေပါတယ်။ အုန်းဆီ ၃ ဇွန်းကို အပူပေးပြီး အုန်းဆီနွေးနွေးကို လက်ချောင်းထိပ်များနဲ့ ဦးရေပြားကိုလိမ်းပြီး နှိပ်နယ်ပေးပါ။

ဦးရေပြားကို 10-15 မိနစ်ခန့် နှိပ်နယ်ပြီးရင် ကျန်နေတဲ့ဆီတွေကို ဆံသားကိုလိမ်းပေးပါ။ ဆံကေသာကိုဆီလိမ်းပြီး မိနစ် 30 လောက်စောင့်ပါ။ ပြီးမှ အပျော့စား sulfate မပါတဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

ကြက်ဥနဲ့ဒိန်ချဉ်  Hair Mask

ကြက်ဥနဲ့ဒိန်ချဉ်က ဆံပင်အတွက်လိုအပ်တဲ့ အာဟာရနဲ့အစိုဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ အဆီပြန်တဲ့ဆံကေသာအတွက် ကြက်ဥအကာကိုသုံးပြီး ဆံသားခြောက်တဲ့သူတွေကတော့ အနှစ်ကိုသုံးပေးပါ။

ကြက်ဥ သံလွင်ဆီ 2 ဇွန်းဒိန်ချဉ် 1 ခွက် သံပုရာရည် 1 ဇွန်းတို့ကို ရောမွှေပြီး ဆံပင်အကုန်လုံးကိုလိမ်းပြီး မိနစ် ၂၀ လောက်စောင့်ပါ။ ပြီးမှ အပျော့စား sulfate မပါတဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။ လျှော်တဲ့အခါ ရေအေးနဲ့ သေချာဆေးချဖို့ လိုပါတယ်။