အဆီပိုမရှိပဲ့ ခန္ဓာကိုယ်ကျစ်လျစ်လှပချင်ရင်တော့ အဆီအဆိမ့်တွေကို အတတ်နိုင်ဆုံးလျော့စားဖို့ လိုအပ်သလို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှလည်း သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကို မြန်မြန်ဆန်ဆန်ပိုင်ဆိုင်နိုင်မှာမဟုတ်လား။

ဒါ့ကြောင့် ကိုယ့်ရဲ့အားလပ်တဲ့အချိန်လေးမှာ အလွယ်တကူပြုလုပ်နိုင်မယ့် ထိရောက်မှုရှိတဲ့ အဆီလောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း (၁)

ပုံထဲကအတိုင်း လက်နှစ်ဖက်ကို ပုခုံးအောက်မှာ ထားကာ တစ်ဖြောင့်တည်း ဆန့်တန်းထားပါ။ ခြေထောက်ကိုလည်း ဆန့်တန်းနေအောင် ဖြောင့်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် တောင့်ထားပါ။ တဖြည်းဖြည်း ကျင့်သားရလာပါက စက္ကန့် ၃၀၊ စက္ကန့် ၆၀ တိုးလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

ဒီလေ့ကျင့်ခန်းကလည်း စောစောက လေ့ကျင့်ခန်းနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တံတောင်နဲ့ ထောက်ထားရမှာပါ။ ပုံထဲက အနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ခံထားပါ။

လေ့ကျင့်ခန်း (၃)

ဒီတစ်ခါမှာတော့ ဘေးတစ်စောင်း Plank ထောက်ရပါမယ်။ လေ့ကျင့်ခန်း (၂)က အနေအထားအတိုင်း တံတောင်နှစ်ဖက် ထောက်ထားပြီးတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်ကို ပုံပါအတိုင်း တစ်ခြမ်းစောင်းလိုက်ပြီး စက္ကန့် ၃၀ ခန့် Plank ထောက်ထားပါ။

လေ့ကျင့်ခန်း (၄)

ဒီလေ့ကျင့်ခန်းကို ပြုလုပ်ဖို့အတွက်ဆိုရင် လေ့ကျင့်ခန်း (၁) ကို သတိရလိုက်ပါ။ လေ့ကျင့်ခန်း (၁) ရဲ့အနေအထားအတိုင်း လက်နှစ်ဖက်ကို တံတောင်အောက်မှာ ဆန့်တန်းထားပြီး အသင့်အနေအထားပြင်ပါ။ ထို့နောက် တံတောင်ကို ဖြည်းဖြည်းချင်းကွေးကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်နဲ့ ထိကပ်ပေးလိုက်ပါ။ ထို့နောက် တံတောင်ကို ပြန်လည်ဆန့်တန်းလိုက်ပါ။ ထိုအနေအထားအတိုင်း တစ်စက္ကန့်တောင့်ထားလိုက်ပါ။ ထို့နောက် တံတောင်ပြန်ကွေးလိုက်ပါ။ ဒီလေ့ကျင့်ခန်းကိုတော့ (၁၀) ကြိမ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

ဒီလေ့ကျင့်ခန်းကတော့ ဘားတန်းခိုရမယ့် လေ့ကျင့်ခန်းပါ။ ဘားတန်းမှာ ၁၀ စက္ကန့်၊ ၁၅ စက္ကန့်ခန့် ဘားတန်းခိုရပါမယ်။

ဒီလေ့ကျင့်ခန်း (၅) မျိုးက ကျန်းမာရေး ကောင်းအောင်လည်း ကူညီပေးနိုင်သလို ခန္ဓာကိုယ်ကျစ်လျစ်လှပအောင်လည်း ကူညီပေးတာကြောင့် နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

Source: Stylecraze.com