ခန္ဓာကိုယ်ဘေးဘက်က အဆီပိုတွေကျသွားစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခန္ဓာကိုယ်ဘေးဘက်ခြမ်းဖြစ်တဲ့ ခါး၊ ကျောဘေးနဲ့ တင်ပါးဘေး၊ ပေါင်ဘေးသားတွေက အဆီပိုတွေထွက်နေလို့ ဝနေသလို၊ အဆီတွေများနေသလို ခံစားနေရရင်တော့ ဒီလေ့ကျင့်ခန်းတွေကိုသာ လုပ်ကြည့်ပါ။

Side Plank Circles

ပုံမှာပြထားတဲ့အတိုင်းနေပြီး ဘယ်ခြေထောက်နဲ့ ဘယ်လက်ကို မြှောက်ထားပါ။ ပြီးရင် ပြန်ချပါ။ ပြန်မြှောက်ပါ။ အဲ့အတိုင်း ဆက်တိုက် အကြိမ် ၂၀ လုပ်ရပါမယ်။ ပြီးရင်တော့ ညာခြေထောက်နဲ့ ညာလက်ကို မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ အကြိမ် ၂၀ ထပ်လုပ်ပေးပါ။

Oblique Crunch

ပုံမျာပြထားတဲ့အနေအထားအတိုင်း ဘယ်ခြေထောက်ကွေး၊ ညာခြေထောက်ဆန့်၊ ပြီးရင် ဘယ်ခြေထောက်ဆန့်၊ ညာခြေထောက်ကွေးနဲ့ တစ်လှည့်စီ ဆက်တိုက် အကြိမ် ၂၀ လုပ်ပေးပါ။ လက်နှစ်ဖက်ကို ပုံထဲကအတိုင်း နားနောက်မှာထားပြီး ခေါင်းကိုလည်း ကြွထားရပါမယ်။

Hip Dips

ပုံမှာပြထားတဲ့အတိုင်း ဘေးတစ်စောင်းအနေအထားနဲ့ လက်တစ်ဖက်ကို ထောက်ထားပြီး ခြေထောက်ကိုထောက်ထားပါ။ အဲ့အတိုင်း တင်ပါးကို အပေါ်တွန်းလိုက်၊ အောက်ပြန်ချလိုက် လုပ်ပေးရမှာပါ။ ၁၅ ကြိမ်လုပ်ပြီးရင် တစ်ဖက်ကိုပြောင်းနေပြီး နောက်ထပ် ၁၅ ကြိမ် ထပ်လုပ်ပေးပါ။

Dumbbell Side Bend

အလေးတုံးအသေး နှစ်ခုကိုကိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း ဘယ်လက်မြှောက်၊ ညာဘက်ကို ခါးကိုင်း၊ ညာဘက်လက်က ခါးကိုထောက်၊ ပြီးရင် ညာလက်မြှောက်၊ ဘယ်ဘက်ကို ခါးကိုင်း၊ ဘယ်ဘက်လက်က ခါးကိုထောက်နဲ့ တစ်လှည့်စီ အကြိမ် ၂၀ လုပ်ပေးရမှာဖြစ်ပါတယ်။

Tummy Tuck

လက်ဖဝါးနှစ်ဖက်ကိုထောက်ပြီး ပြေးမယ့်ပုံစံမျိုး ပုံမှာပြထားသလို လုပ်ရမှာပါ။ အဲ့အနေအထားအတိုင်းပဲ နေပေးပြီး ဘယ်ခြေထောက်ကွေး၊ ညာခြေထောက်ဆန့်၊ ဘယ်ခြေထောက်ဆန့်၊ ညာခြေထောက်ကွေး လုပ်ပေးရမှာပါ။ ၁၅ ကြိမ်လုပ်ပေးရင် ရပါပြီ။

Piked Elbow Twists

ခြေထောက်နှစ်ချောင်းကို တန်းနေအောင်မြှောက်ထားပြီး လက်နှစ်ဖက်ကိုဆန့်ကာ ပုံထဲကအတိုင်း ရသလောက် အရှေ့ကိုကုန်းထပါ။ ပြီးရင်ပြန်လှဲ၊ ပြန်ထ ဆက်တိုက် အကြိမ် ၂၀ လုပ်ပေးရင် ရပါပြီ။