Cellulite ဆိုတာကတော့ မိန်းကလေးတွေရဲ့ တင်ပါးဆုံနဲ့ ပေါင်နားမှာရှိတဲ့ အဆီခဲတွေကို ပြောတာပါ။ ဒီ Cellulite တွေကို တစ်လအတွင်းမှာကျသွားအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတွေရှိတာကြောင့် အိမ်မှာပဲ ကိုယ်တိုင်အလွယ်တကူ လုပ်ကြည့်လို့ရပါတယ်။

Single-leg bridge

ပုံမှာပြထားတဲ့အတိုင်း လက်ကိုကြမ်းမှာကပ်ထား၊ ခြေထောက်တစ်ဖက်ကို ထောက်ထားပြီး နောက်ခြေထောက်တစ်ဖက်က တန်းပြီးမြှောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ စက္ကန့် ၃၀ လောက် မြှောက်ထားပြီးမှ အောက်ပြန်ချပါ။ ပြီးရင် ပြန်မြှောက်ပါ။ အဲ့အတိုင်း ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ် လုပ်ပေးရပါမယ်။

Clamshell exercise

ပုံမှာပြထားတဲ့အတိုင်းနေပြီး ခြေဖဝါးဘေးနှစ်ဖက်ကို စုကပ်ထားပါ။ အဲ့အတိုင်း ပေါင်နှစ်ဖက်ကိုကားလိုက်၊ ပြန်စုလိုက်နဲ့ အကြိမ် ၂၀ လုပ်ရပါမယ်။ ပြီးရင် ဘယ်ညာပြောင်းလှည့်ပြီး နောက်ထပ် အကြိမ် ၂၀ ထပ်လုပ်ပါ။

Forward lunges

ရှေ့ခြေထောက်တစ်ဖက်ကိုကွေး၊ နောက်ခြေထောက်တစ်ဖက်က အနောက်ကို ပုံမှာပြထားတဲ့အတိုင်း ဒူးထောက်သလို ကွေးလိုက်ပါ။ ပြီးရင် နောက်ခြေထောက်က အရှေ့ကိုသွားစုပြီး မတ်တပ်ရပ်ပါ။ ပြီးရင် ပုံထဲကအတိုင်း ပြန်လုပ်ပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပြီးရင် ဘယ်ညာပြောင်းပြီး နောက်ထပ် ၁၀ ကြိမ် ထပ်လုပ်ပေးပါ။

Knees-to-chest hugs

ပုံမှာပြထားတဲ့ အနေအထားအတိုင်း ၅ စက္ကန့်နေပါ။ ပြီးရင် ခြေထောက် ပြန်ဆန့်ချပါ။ ပြီးရင် အဲ့အတိုင်း ၅ စက္ကန့် ပြန်နေပါ။ စုစုပေါင်း ၁၅ ကြိမ် လုပ်ပေးရပါမယ်။

Butterfly leg raises

ခြေဖဝါးနှစ်ဖက်ကိုစုပြီး ပုံမှာပြထားတဲ့အတိုင်း ၅ စက္ကန့်လောက်မြှောက်ထားပါ။ ပြီးရင် ခြေထောက် ပြန်ဆင်းပါ။ ပြီးရင် ၅ စက္ကန့် ပြန်မြှောက်ထားပါ။ အဲ့အတိုင်း အကြိမ် ၂၀ လုပ်ပေးရင် ရပါပြီ။
ဒီလေ့ကျင့်ခန်းတွေကို နေ့တိုင်းပုံမှန်လုပ်ပေးသွားပြီး တစ်ပတ် တစ်ရက်ပဲ နားမယ်ဆိုရင်တော့ တစ်လအတွင်းမှာပဲ Cellulite တွေ ကျသွားမှာပါ။