အားလုံးပဲမင်္ဂလာပါနော်။ ခန္ဓာကိုယ်မှာ အဆီပိုတွေစုနေတာဟာ ရောဂါကို ဖိတ်ခေါ်နေသလိုပါပဲ။

ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်ဖို့ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်က အဆီတွေကို ဖယ်ရှားပေးသင့်ပါတယ်။ အထူးသဖြင့် သင့်ဝမ်းဗိုက်မှာက အဆီတွေစုနေတတ်တာမို့ ဝမ်းဗိုက်က အဆီတွေကို ချသင့်ပါတယ်။

ရက်ပေါင်း ၃၀ အတွင်း သင့်ဝမ်းဗိုက်ကအဆီတွေ သိသိသာသာ ကျသွားစေဖို့ ဒီလေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးလိုက်ပါတယ်နော်။

၁။ အိပ်ထမတင်လုပ်ပေးပါ

ဒူးနှစ်ဖက်ကို ထောင်ပြီးလုပ်ပေးခြင့်ဖြင့် သင့်ဗိုက်အောက်နားက အဆီတွေကို ကျစေမှာဖြစ်ပါတယ်။ ၁၀ ကြိမ် ၃ ကြော့လုပ်ပေးပါ။

၂။ ခြေထောက်နှစ်ဖက်ကို အပေါ်မြှောက်မယ်

ခြေထောက်နှစ်ဖက်ကို အပေါ်မြှောက်လိုက်ပါ။ တပြိုင်တည်း ခန္ဓာကိုယ်အပေါ်ပိုင်းကိုပါ ကြွလိုက်ပါ။ ၁၀ ကြိမ် ၃ ကြော့လုပ်ပေးရပါမယ်။

၃။ Plank ထောက်သလို လုပ်ပြီး ဒူးကွေးမယ်

Plank ထောက်သလို အနေအထားနေပေးလိုက်ပါ။ ပြီးရင်ဒူးကို ကွေးလိုက်ပါ။ ပြီးရင် စက္ကန့်နည်းငယ်လောက်နေပြီး ကျန်တစ်ဖက်ကို ဆက်လုပ်ပါ။ ဘယ်ညာကိုမှ ၁ ကြိမ်လို့မှတ်ပါ။ ၁၀ ကြိမ် ၃ ကြော့လုပ်ပေးပါ။

၄။ Roll Up

ခန္ဓာကိုယ်ကို တန်းတန်းဆန့် လှဲပေးပြီး အပေါ်ကို ကြွထိုင်ပေးရမှာဖြစ်ပါတယ်။ ၁၀ ကြိမ် ၃ ကြော့လုပ်ပေးပါ။

၅။ Plank Hip Dips

အရင်ဆုံး Plank ထောက်သလို အနေအထားနေပေးပါ။ ပြီးရင် တင်ကို အပေါ်ကြွပေးလိုက်ပါ။ အကြိမ်၂၀ လုပ်ပေးရပါမယ်။

၆။ လှေပုံစံ

အခုပုံမှာပြထားသလို လှေပုံစံမျိုးနေပေးပါ။ စက္ကန့် ၃၀ ကနေ ၁ မိနစ်အထိ အဲဒီအတိုင်းနေပါ။ ၅ ကြော့လုပ်ပါ။

၇။ နံရံကပ်ပြီး ခြေထောက်ကို တစ်ဖက်ဆီရွေ့မယ်

ခြေထောက်ကို နံရံကပ်ထားပါ။ ဒါမှမဟုတ် လေပေါ်မှာပဲ ထောင်ထားလည်းရပါတယ်။ ပြီးရင်ဘေးဖက်ကို ချပါ။ ပြီးရင် ပြန်ထောင်ပါ။ နောက်တစ်ဖက်ချပါ။ ဘယ်ညာနှစ်ဖက်ကိုမှ ၁ ကြိမ်လို့မှတ်ပါ။ ၁၀ ကြိမ် ၂ ကြော့လုပ်ပေးပါ။

၈။ တောင်တက်လေ့ကျင့်ခန်း

အရင်ဆုံး လေးဖက်ထောက်ပြီး ခြေထောက်ကို တန်းတန်းဆန့်ထားပါ။ ပြီးရင် ဒူးကို ကွေးပေးပြီး ကျန်တစ်ဖက်ကိုပါ လိုက်ကွေးပါ။ ခပ်မြန်မြန်လုပ်ပါ။ ဘယ်ညာကိုမှ ၁ ကြိမ်ပါ။ ၁၅ ကြိမ် ၂ ကြော့လုပ်ပေးရပါမယ်။

Source: www.brightside.me