ကျန်းမာတဲ့အစားအစာကို စားခြင်း ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းတို့ဟာ ခန္ဓာကိုယ်ကို အမြဲနုပျိုပြီး လန်းဆန်းစေပါတယ်။ မျက်နှာပေါ်က ကြွက်သားတွေလည်း အသက်အရွယ်ကြီးလာတာနဲ့အမျှ ပျော့လာပြီး မျက်နှာတွဲကျတာ မေးနှစ်ထပ်ဖြစ်တာမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

တစ်ချို့ကတော့ ကိုယ်အလေးချိန်တက်တာကြောင့် မေးနှစ်ထပ်ဖြစ်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မေးနှစ်ထပ်ဖြစ်တာကို ပျောက်ကင်းစေဖို့ ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

မျက်နှာကို ရှေ့တည့်တည့်ထားပြီး အောက်မေးစေ့ကို အရှေ့ဖက်ထုတ်လိုက် အနောက်ဆုတ်လိုက်လုပ်ပေးပါ။ ပြီးရင် ဘေးတစ်ဖက်တစ်ချက်ဆီကို ရွှေ့ပေးပါ။ ၈ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

ပါးစပ်ကိုဟလိုက်ပြီး အောက်နှုတ်ခမ်းကို အောက်သွားပေါ် အုပ်ပေးပါ။ ပြီးရင်အပေါ်နှုတ်ခမ်းကို အပေါ်က ထပ်ဖိပေးပါ။

၅ ကြိမ်ကနေ ၇ ကြိမ်ထိလုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)

လျှာကို တတ်နိုင်သမျှ အရှေ့ကိုထုတ်ပြီး နှာခေါင်းနဲ့ထိအောင်ကြိုးစားပါ။ မထိဘူးဆိုတာ သိပါတယ်။ ပြီးရင် လျှာကို ပြန်ဖြေလိုက်ပြီး ပြန်သွင်းပါ။ ပြီးရင် ပြန်ထုတ်ပါ။ ၅ ကြိမ်လောက်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၄)

ကိုယ်ကို မတ်မတ်နေပြီး ခေါင်းကို ညာဖက်လှည့်ပါ။ ပြီးရင် အောက်နှုတ်ခမ်းကိုရှေ့ကိုဆန့်ထုတ်ပါ။ အဲဒီလိုထုတ်တဲ့အခါ လည်ပင်ကျောကို တင်းနေအောင် ထုတ်ပေးပါ။ ပြီးရင်ပြန်လျှော့ပြီး ဘယ်ဖက်လှည့်ကာ လုပ်ပေးပါ။

တစ်ဖက်ကို ၅ ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၅)

ခေါင်းကိုမော့ပြီး တစ်ယောက်ယောက်ကို နမ်းသလုံပုံမျိုးလုပ်ပေးရမှာပါ။ ခေါင်းကိုမော့လိုက်ပါ။ ပြီးရင်နှုတ်ခမ်းကိုရှေ့ထုတ်ပြီး နှမ်းတဲ့ပုံလုပ်ပါ။ ၅ ကြိမ်ကနေ ၈ ကြိမ်ထိလုပ်ပေးပါ။

လေ့ကျင့်ခန်း (၆)

လက်သီးနှစ်ဖက်ကိုဆုပ်ပြီး လုပ်ပေးရမှာပါ။ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး မေးအောက်မှာ ကပ်ပေးပါ။ ပြီးရင် မေးအောက်ကို ဖြည်းဖြည်းချင်အောက်ကျအောင် လည်ပင်းအစ်သလို တင်းတင်းလေးလုပ်ပေးပါ။ ကြွက်သားတွေတင်းလာပါလိမ့်မယ်။ပြီးရင် အောက်ကလက်သီးနဲ့ ဖြည်းဖြည်းချင်းပြန်ပင့်တင်ပါ။ အဲဒီနောက် ပြန်ဖြေလိုက်ပါ။ ၅ ကြိမ်ကနေ ၇ ကြိမ်ထိလုပ်ပေးပါ။

လေ့ကျင့်ခန်း (၇)

ပြုံးပေးရမှာပါ။ နှုတ်ခမ်းထောင့်တစ်ဖက်တစ်ချက်ဆီကို ကျယ်နိုင်သမျှကျယ်အောင် ပြုံးပေးရမှာဖြစ်ပါတယ်။ မေးကကြွက်သားတွေ တင်းနေအောင် ၅ စက္ကန့်လောက်ထားပါ။ ပြီးရင် ပြန်ဖြေပြီး ၃ စက္ကန့်လောက်ထားပါ။ ၅ ကြိမ်ကနေ ၈ ကြိမ်ထိလုပ်ပေးပါ။

လေ့ကျင့်ခန်း (၈)

အသက်ပြင်းပြင်းအရင်ရှုပါ။ ပြီးရင် ပါးဖောင်းပါ။ လက်ဝါးနှစ်ဖက်နဲ့ ပိန်အောင်ပြန်ဖိပေးပါ။ ၃ စက္ကန့်ကနေ ၅ စက္ကန့်ထိထားပါ။ ၅ ကြိမ်ကနေ ၆ ကြိမ်ထိလုပ်ပေးပါ။

Source: Brightside