တင်ပါးလျော့တွဲကျတာမျိုးဖြစ်နေရင် စိတ်မညစ်ပါနဲ့။ Exercise လုပ်လို့ရပါတယ်။ တင်ပါးပင့်တင်ဖို့အတွက်ဆိုရင် ထိရောက်တဲ့ ဒီလို Butt-Lifting Exercise တွေရှိပါတယ်။ အိမ်မှာလုပ်လို့ရတဲ့ Exercise တွေဖြစ်လို့ Try ကြည့်မယ်ဆိုရင်လည်း လွယ်ကူမှာပါ။ နေ့တိုင်းလုပ်စရာမလိုပါဘူး။ တစ်ပတ်မှာ 3 ရက်လောက် ပုံမှန်လုပ်ပေးရင် ရပါပြီ။

Exercise 1

ခြေထောက်တစ်ဖက်ကို Exercise Ball (သို့) ခုံအမြင့်တစ်ခုခုပေါ် တင်ထားပြီး ပုံမှာလုပ်ပြထားသလို လုပ်ပေးရမှာဖြစ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့ အနေအထား 2 မျိုးလုံးကို လုပ်ပြီးတော့မှ 1 ကြိမ်လို့သတ်မှတ်ရပါမယ်။ စုစုပေါင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရမှာပါ။

Exercise 2

Squats ထိုင်တာကိုပဲ သူက Resistance Band ကိုသုံးပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ အောက်အထိမထိုင်ချပဲ ပုံမှာလုပ်ပြထားသလောက်ပဲ ထိုင်ပေးပါ။ တင်ပါးမှာအားထည့်ပြီး ထိုင်လိုက်ထလိုက် လုပ်ပေးပါ။ အနည်းဆုံး 15 ကြိမ် လုပ်ပေးပါ။

Exercise 3

ပထမပုံထဲကလို တစ်ဝက်ထိုင်ပြီး ပြန်ထတဲ့အချိန်မှာတော့ ဒုတိယပုံထဲကလို ခြေထောက်တစ်ချောင်းကို အနောက်ဆန့်၊ လက်နှစ်ဖက်ကို အရှေ့ဆန့်ရပါမယ်။ ပြီးရင် မတ်တပ်ရပ်ပြီး ပထမပုံထဲကအတိုင်း ပြန်စလုပ်ပါ။ အဲ့အတိုင်း ခြေထောက်အနောက်ဆန့်တာကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရပါမယ်။

Exercise 4

သူလည်း Squats ထိုင်ရမယ့် Exercise ပါပဲ။ ဒါပေမယ့် ဒီ Exercise မှာတော့ ခြေထောက်အနေအထားက ကားထားရပါမယ်။ လက်နှစ်ဖက်ကို အရှေ့ဆန့်ပြီး ပုံထဲကလို တစ်ဝက်ထိုင်လိုက်၊ ပြန်ထလိုက် လုပ်ရပါမယ်။ အကြိမ် 20 လုပ်ပေးရမှာ ဖြစ်ပါတယ်။

Exercise 5

ပထမပုံထဲကလို အနေအထားနဲ့ စပြီးနေပေးပါ။ ပြီးတာနဲ့ ဒုတိယပုံထဲကလို အပေါ်ကိုခုန်လိုက်ရပါမယ်။ ပြီးရင် ချက်ချင်း ပထမပုံထဲကလို ပြန်ထိုင်ပါ။ အဲ့အတိုင်း ခြေထောက်နဲ့လက်အနေအထားကို ဘယ်ညာတစ်လှည့်စီပြောင်းပြီး တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရပါမယ်။ 10 ကြိမ်လုံးလုပ်ပြီးမှ ဘယ်ညာပြောင်းလုပ်ရမှာပါ။