အားလုံးပဲမင်္ဂလာပါနော်။ ပင်ပင်ပန်းပန်းနဲ့ လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ဝမ်းဗိုက်က အဆီတွေကို ချေဖျက်ပေးနိုင်မယ်ဆိုရင် လိုက်လုပ်ကြမှာလားနော်။ အသက်ရှုလေ့ကျင့်ခန်းက ထိရောက်မှုရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်တောင် အသက်ရှုပုံရှုနည်း စနစ်တွေရှိပါတယ်နော်။ ဒီလို အသက်ရှုနည်း မှန်မှန်နဲ့ လုပ်ပေးရင် ကိုယ်အလေးချိန်လျှော့ချရာမှာ သိပ်ကိုထိရောက်ပါတယ်။

ဒီတခါမှာတော့ ဝမ်းဗိုက်က အဆီတွေကို လျှော့ချချင်တဲ့ ပျိုမေတို့အတွက် အသက်ရှုလေ့ကျင့်ခန်းတချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ကျောလှဲပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်မယ်

ဒီနည်းစနစ်က ဇီဝဖြစ်စဉ်ကို မြင့်တက်စေပါတယ်။ ညအိပ်ယာဝင်ရင်း အိပ်မပျော်ခင်လေးမှာလည်း လုပ်ပေးလို့ရတယ်နော်။

ကိုယ်က အခုမှ စလုပ်မယ်ဆိုရင်တော့ လက်ကို ဗိုက်ပေါ်မှာ တင်ထားပေးလိုက်ပါ။

နှာခေါင်းကနေ လေ့ကိုဖြည်းဖြည်းချင်း ဝမ်းဗိုက်ထဲ ရှုသွင်းလိုက်ပါ။

ပြီးရင်တော့ နှုတ်ခမ်းကနေလေကို ဖြည်ဖြည်းချင်း ပြန်မှုတ်ထုတ်ပေးလိုက်ပါ။

ဒီလို ၅ မိနစ်-၁၀ မိနစ်ခန့် လုပ်ပေးရပါတယ်။

၂။ Vacuum အသက်ရှုလေ့ကျင့်ခန်း

ဝမ်းဗိုက်အောက်က ကြွက်သားတွေကို သန်မာစေပါတယ်။

အရင်ဆုံးကျောလှဲပေးလိုက်ပြီး ဒူးနှစ်ဖက်ကို ထောင်ထားပေးလိုက်ပါ။ ပြီးရင် လေကို ဖြည်းဖြည်းချင်းရှုသွင်းပြီး ဗိုက်ကို ချပ်နိုင်သမျှ ချပ်ထားပါ။ အဲဒီအတိုင်း ၁၅ စက္ကန့်မှ စက္ကန့် ၂၀ အထိနေပေးပါ။ ပြီးရင်တော့ ဖြည်းဖြည်းချင် ပြန်ရှုထုတ်ပေးလိုက်ပါ။

၃။ ထိုင်ပြီးအသက်ရှုလေ့ကျင့်ခန်းလုပ်မယ်

အရင်ဆုံး တရားထိုင်သလိုမျိုး ထိုင်ပေးလိုက်ပါ။ အသက်ရှုထုတ်တာကို မြန်မြန်လေးရှုထုတ်ပြီး အသက်ရှုသွင်းတဲ့အခါမှာတော့ ဖြည်းဖြည်းချင်း ရှုသွင်းပါ။

ဒီလိုလေ့ကျင့်ခန်းကို စက္ကန့် ၃၀ မှ ၆၀ အထိလုပ်ပေးနိုင်ပါတယ်။

၄။ ခါးမတ်မတ်ထားပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်မယ်

အခုပုံမှာပြထားသလို ခါးမတ်မတ်ထားပြီးထိုင်လိုက်ပါ။ ပြီးရင်တော့ ခန္ဓာကိုယ်က ကြွက်သားတွေကို လျှော့ထားပါ။ မျက်လုံးလေးမှိတ်ထားပြီး အသက်ပြင်းပြင်းရှုသွင်း၊ ပြင်းပြင်းရှုထုတ်လုပ်ပါ။  ၅ မိနစ်လောက်လုပ်ပေးပါ။

၅။ ဝမ်းဗိုက်ချပ်တဲ့ အသက်ရှုလေ့ကျင့်ခန်း

အခုလို ဒူးထောက်ထိုင်ထားလိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားပါ။ ပြီးရင်တော့ အသက်သွင်းပြီး အသက်ရှုထုတ်တဲ့အခါ ဝမ်းဗိုက်ကိုချပ်ထားလိုက်ပါ။ အဲဒီနောက် ခဏလောက် အသက်အောင့်ထားပြီးမှ အသက်ပြန်ရှုသွင်းပါ။ ၃ ကြိမ်မှ ၅ ကြိမ်အထိလုပ်ပေးပါ။

Source: www.brightside.me

By: MyStyle Myanmar