အလှအပဆိုရင်လူတိုင်းစိတ်ဝင်စားပြီး အရမ်းကိုကောင်းမွန်လွန်းတဲ့ အသားအရေကို လူတိုင်းလိုချင်တတ်ကြပါတယ်။ အလှပြင်ပစ္စည်းတွေကို ဈေးကြီးပေးပြီး ဝယ်နေစရာမလိုပဲ အိမ်ထဲမှာပဲရှိတဲ့အရာလေးတွေနဲ့ အသားအရေကိုပြန်ပြီးလှပအောင် ပြုပြင်လို့ရမယ့် လျှို့ဝှက်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်နှာအသားအရေပေါ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေဖြစ်ပေါ်လာပြီဆိုရင်တော့ သွားတိုက်ဆေးနဲ့ ဖြေရှင်းလို့ရပါပြီနော်။ ညဘက်အိပ်ခါနီးအချိန်မှာ မျက်နှာကိုသေချာသန့်စင်သွားအောင် သစ်ပေးပြီး သွားတိုက်ဆေးအနည်းငယ်လောက်ကိုပဲယူပြီး ပျိုမေတို့ရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ ဝက်ခြံပေါ်ကိုတို့ရုံလေးတို့ပေးပြီး အိပ်လိုက်ပါ။ မနက်အိပ်ယာနိုးမှ မျက်နှာကိုသေချာသန့်စင်အောင် သစ်ပေးမယ်ဆိုရင် ဝက်ခြံကိုသက်သာလာစေမှာပဲဖြစ်ပါတယ်။

နှုတ်ခမ်းသားတွေခြောက်သွေ့ပျက်စီးနေပြီဆိုရင်လည်း အိမ်မှာအဆင့်သင့်ရှိပြီးသားဖြစ်တဲ့ သကြားနဲ့ပျားရည်တို့ကို ရောစပ်ပြီးနှုတ်ခမ်းသားပေါ်မှာ ညင်သာစွာပွတ်ပေးမယ်ဆိုရင် နှုတ်ခမ်းသားမှာရှိတဲ့ ခြောက်သွေ့ပျက်စီးနေတာတွေကို လျော့နည်းသွားစေပြီး နှုတ်ခမ်းသားလေးကို နူးညံ့ချောမွေ့သွားစေမှာပဲဖြစ်ပါတယ်နော်။

အဆီတွေပြန်ပြီး မလှမပဖြစ်နေတဲ့ ဆံသားတွေကိုဖြေရှင်းဖို့အတွက်ဆိုရင် Baby Powder လေးတော့ရှိထားသင့်တယ်နော်။ ခေါင်းလျှော်ဖို့ အချိန်မရနေသေးတဲ့အချိန်တွေမှာ ဆံသားတွေကလည်းအဆီပြန်ပြီး ပုံစံမကျတော့ဘူးဆိုရင်တော့ Baby Powder ကိုလက်ဖဝါးထဲမှာထည့်ပြီး ခေါင်းသားတွေမှာပွတ်ပေးလိုက်မယ်ဆိုရင် ဆံပင်မှာရှိနေတဲ့အဆီတွေလျော့နည်းသွားပြီး သပ်ရပ်လှပနေစေမှာပဲဖြစ်ပါတယ်။

ဆားဝက်ခြံတွေကင်းစင်ပြီး အသားရေ ကြည်လင်စေဖို့

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် အဆီတွေကိုလျော့နည်းစေချင်တယ်ဆိုရင်တော့ ကြက်ဥအကာကို မျက်နှာအသားအရေပေါ်မှာ နှံ့အောင်လိမ်းထားပေးပြီး ခြောက်သွားအောင်ထားထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာပြန်သစ်ပေးလိုက်လို့ရပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် မျက်နှာအဆီပြန်တာတွေကိုသက်သာစေမှာပဲဖြစ်ပါတယ်နော်။