Sensitive Skin ရှိသူတွေဟာ မတည့်တဲ့ မိတ်ကပ်ပစ္စည်းတစ်ခုသုံးလိုက်မိတာနဲ့ ခဏအတွင်းမှာ အသားနီမြန်းလာတာ၊ ယားယံတာနဲ့ ဝက်ခြံထွက်လွယ်တာတွေဖြစ်တတ်တာမို့ ပုံမှန် Skin Type တွေထက် အသားအရေကို ပိုဂရုစိုက်ရပါတယ်။ သင့်မှာကော ဒီလို ထိခိုက်လွယ်ပြီး ထိန်းသိမ်းရခက်တဲ့ Skin အမျိုးအစားကို ပိုင်ဆိုင်ထားလား။
ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်ကိုကူညီပေးနိုင်မှာမို့ ထပ်ပြီးစိတ်ညစ်နေစရာ မလိုတော့ပါဘူးနော်။ ဒီတစ်ခေါက်မှာ Sensitive Skin ရှိသူ ပျိုမေတို့အတွက် အသင့်တော်ဆုံးဖြစ်စေမယ့် အသားအရေထိန်းသိမ်းနည်းကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ Sensitive အသားအရေကို အကောင်းဆုံးကာကွယ်နိုင်ဖို့ ဖော်ပြထားတဲ့အချက်တွေကို နေ့စဉ် တစ်ဆင့်ချင်းမှန်မှန်လုပ်ပေးဖို့မမေ့ပါနဲ့နော်။
၁။ မျက်နှာသန့်စင်တဲ့အဆင့်
Sensitive Skin ရှိသူတွေအနေနဲ့ မျက်နှာသစ်တဲ့အခါ ဓာတုပစ္စည်းဖြစ်တဲ့ ရနံ့တစ်မျိုးပါဝင်တဲ့ မျက်နှာသစ်ဆေးတွေကိုရှောင်ပြီး သဘာ၀ Cleanser အပျော့ကိုသာ အသုံးပြုပေးသင့်ပါတယ်။ နီမြန်းလွယ်တဲ့အရေပြားဖြစ်တာကြောင့် မျက်နှာပွတ်တဲ့ Brush တွေသုံးပြီး မျက်နှာသစ်တာမျိုးမလုပ်ဘဲ သင့်လက်တွေနဲ့သာခပ်ဖွဖွပွတ်ပေးပါ။ အသားခြောက်လွယ်တာကြောင့် မျက်နှာခဏခဏသစ်တာမျိုး မလုပ်မိအောင်လည်း ရှောင်ဖို့လိုပါတယ်။
၂။ Toner လိမ်းတဲ့အဆင့်

မျက်နှာမှာ ဖုန်နဲ့အဆီ အကြွင်းကျန်တွေရှင်းစေဖို့ မျက်နှာသစ်ပြီးနောက် Toner နည်းနည်းထည့်သုံးပေးပါ။ အသားအရေ Sensitive ရှိသူတွေအနေနဲ့ကတော့ Alcohol လုံးဝမပါဝင်ဘဲ သဘာဝပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ Toner မျိုးကိုသုံးပေးရပါမယ်။
၃။ အစိုဓာတ်အတွက် မဖြစ်မနေလိမ်းသင့်တဲ့ Moisturizer

အစိုဓာတ်ထိန်းခြင်းက အသားအရေထိန်းသိမ်းတဲ့အဆင့်တွေထဲမှာ အရေးအကြီးဆုံးအချက်တစ်ခုပါပဲ။ သူက အရေပြားကို စိုစိုတင်းတင်းလေးဖြစ်စေပြီး အသားအရေပျက်စီးမှုနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ အနံ့၊ Alcohol နဲ့ ဓာတုပစ္စည်းတွေမပါတဲ့၊ စေးကပ်မှုမရှိတဲ့ ပေါ့ပေါ့ပါးပါး Moisturizer မျိုးက Sensitive Skin တွေအတွက် သင့်တော်စေမှာပါ။
၄။ ရံဖန်ရံခါ Exfoliate လည်းလုပ်ဖို့လိုပါတယ်
အချို့က Sensitive Skin သမားတွေအနေနဲ့ အသားနီမြန်းလွယ်တာကြောင့် မျက်နှာချေးချွတ်တာမျိုး မလုပ်သင့်ဘူးလို့ထင်ကြပါတယ်။ ဒါပေမယ့် ဆဲလ်သေတွေပုံမှန်ဖယ်ရှားနိုင်ပြီး အသားအရေ ပိုကြည်လင်လာစေဖို့ တစ်ခါတစ်ရံမှာ သင့်မျက်နှာကို ညင်ညင်သာသာပွတ်ပြီး Exfoliate အနည်းငယ်ပြုလုပ်နိုင်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်ခန့်ထက်ပိုပြီး Exfoliate လုပ်တာမျိုးကိုတော့ ရှောင်ပေးပါ။
၅။ Serum လိမ်းပေးတဲ့အဆင့်

Serum က အသားအရေအမျိုးအစားတိုင်းအတွက်အသုံးဝင်တာကြောင့် Sensitive Skin အတွက်လည်းလိုအပ်ပါတယ်။ သူက ရေဓာတ်ဖြည့်ပေးပြီး ဝက်ခြံနဲ့ အမဲစက်အမာရွတ်တွေ သက်သာစေတဲ့အပြင် အိုမင်းရင့်ရော်မှုအရေးအကြောင်းတွေကိုပါ လျော့ပါးစေဖို့ကူညီပေးနိုင်တဲ့ Skincare အဆင့်တစ်ခုဖြစ်ပါတယ်။ Hyaluronic Acid ပါဝင်တဲ့ Serum မျိုး၊ သဘာဝပစ္စည်းတွေနဲ့ပြုလုပ်ထားပြီး Skin Type အားလုံးနဲ့အဆင်ပြေတဲ့ Serum မျိုးကို ရွေးချယ်အသုံးပြုပေးပါ။
Photo Source: Pinterest

