ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ မျက်နှာဝိုင်းတဲ့ပျိုမေတွေနဲ့ ဝိတ်တက်လာလို့ ပါးဖောင်းပြီး မျက်နှာပြဲကာ မေးနှစ်ထပ်ဖြစ်လာတယ်လို့ ခံစားရတဲ့ပျိုမေတွေအတွက် ဒီတစ်ခေါက်မှာ မျက်နှာအဆီကျပြီး သွယ်သွယ်လေးရစေဖို့ ၁၀ မိနစ်အတွင်း ပြုလုပ်နိုင်တဲ့ မျက်နှာလေ့ကျင့်ခန်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ ပျိုမေတို့အနေနဲ့ မျက်နှာအဆီကျစေဖို့ မျက်နှာလေ့ကျင့်ခန်း၊ Cardio လေ့ကျင့်ခန်းတွေအပြင် ရေများများသောက်ခြင်း၊ Alcohol လျှော့သောက်ခြင်းနဲ့ အသားပွပြီး Bloating ဖြစ်စေမယ့် ဆားများတဲ့ အစားအသောက်တွေကို လျှော့စားခြင်းတွေပြုလုပ်ပေးဖို့လိုပါတယ်။

မျက်နှာလေ့ကျင့်ခန်းတွေပြုလုပ်ပေးခြင်းက မျက်နှာတစ်ဝိုက်အဆီကျစေတဲ့အပြင် သင့်အသားအရေပုံမှန်ထက်ပိုကောင်းလာဖို့အတွက်ပါ ထောက်ပံ့ပေးနိုင်ပါတယ်။ အောက်မှာပါဝင်တဲ့ လေ့ကျင့်ခန်းတွေက ပေါ့ပေါ့ပါးပါးပြုလုပ်နိုင်တဲ့အပြင် တစ်နေ့ ၁၀ မိနစ်လောက်အချိန်ပေးရုံနဲ့ တစ်လလောက်အကြာမှာ မေးရိုးထင်းပြီး သိသိသာသာ မျက်နှာသွယ်လာတာကို တွေ့ရပါလိမ့်မယ်။ ဒီတော့လုပ်ကြည့်ဖို့မမေ့ပါနဲ့နော်။

၁။ Wide To Small


ပထမဆုံးလေ့ကျင့်ခန်းကတော့ နှုတ်ခမ်းစူပြီး သွားတင်းတင်းပြန်စိလိုက်တာမျိုးကို ဖြေးဖြေးချင်း ထပ်ခါထပ်ခါပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်မိနစ် နှစ်ကြော့ပြုလုပ်ပေးရပါမယ်။

၂။ Long To Small


ပါးစပ်ကို “O” ပုံစံဟပြီးနောက် နှူတ်ခမ်းကိုပြန်စူပေးရပါမယ်။ ဒီပုံစံအတိုင်း ထပ်ခါထပ်ခါ တစ်မိနစ်ခန့် ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း နှစ်မိနစ်ပြည့်အောင် နှစ်ကြော့ပြန်ပြုလုပ်ဖို့လိုပါတယ်။

၃။ Massage


တတိယလေ့ကျင့်ခန်းကတော့ ပုံပါအတိုင်း အလယ်လက်သုံးချောင်းထိပ်ကို ပါးတစ်ဖက်ချင်းပေါ်တင်ပြီး အပေါ်အောက်ဖြေးဖြေးချင်း ဖိကာ နှိပ်နယ်ပေးရပါမယ်။ ဒါကသင့်ပါးစောင်တစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့ပေးပြီး အဆီကျစေဖို့ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကိုလည်း တစ်မိနစ် နှစ်ကြော့စီပြုလုပ်ပေးရပါမယ်။

၄။ Tongue Turning


ဒီလေ့ကျင့်ခန်းကတော့ သင့်လျှာကို သွားအပြင်ထုတ်ပြီး အတွင်းသွားဖုံးတွေကို လျှာနဲ့ထိုးသလို စက်ဝိုင်းပုံစံ ခပ်မြန်မြန်လှည့်ပေးရမှာပါ။ တစ်မိနစ် နှစ်ကြော့အထိ ပြုလုပ်ပေးရမှာဖြစ်ပြီး ကျင့်သားမရသေးတဲ့သူတွေအနေနဲ့ လှည့်ရတာညောင်းလာတာမျိုး ဖြစ်တတ်တာကြောင့် အစပိုင်းမှာ အားစိုက်ပြီးပြုလုပ်ပေးဖို့လိုပါတယ်။

၅။ Shoulder Rotation


နောက်ဆုံးတစ်ခုကတော့ ပုံပါအတိုင်း ရင့်ဘတ်တွေကိုဖွင့်ထားပြီး လက်နှစ်ဖက်ကို တံတောင်ကနေကွေးကာ မြှောက်ထားရပါမယ်။ လက်သီးဖွဖွဆုပ်ထားပြီး လက်နှစ်ဖက်မြှောက်လျက် အပေါ်အောက်အရှိန်မှန်မှန်လေး လှည့်ပေးပါ။ တစ်မိနစ် နှစ်ကြော့ပြုလုပ်ပေးဖို့လိုပြီး ဒီလေ့ကျင့်ခန်းက သင့်လက်မောင်းနဲ့ လည်ပင်းတစ်ဝိုက် အကြောပြေလျော့ပြီး ကြွက်သားကျစ်လစ်ပုံကျစေဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

Source: Youtube