Stress များနေတဲ့သူတွေအတွက် ရှိသမျှ stress တွေကို goodbye လုပ်နိုင်မယ့် အလွယ်ဆုံး ယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။ ယောဂကျင့်ပေးတာက ကိုယ်ရောစိတ်ပါ ကျန်းမာစေတဲ့အတွက် လူတိုင်းလုပ်သင့်တဲ့အရာတစ်ခုပါ။

Gyan Mudra

မတ်တပ်ရပ်ပြီးတော့ပဲဖြစ်ဖြစ်၊ ထိုင်ပြီးတော့ပဲဖြစ်ဖြစ်နေပြီး လက်အနေအထားကို ပုံမှာပြထားသလိုလုပ်ပြီး မျက်စိမှိတ်ကာ အာရုံစူးစိုက်ပြီး အသက်ရှူသွင်း၊ ရှူထုတ် လုပ်ပေးတာမျိုးပါ။ ဒီယောဂကျင့်စဉ်က စိတ်တိုဒေါသထွက်နေတာ၊ စိုးရိမ်ပူပန်မှုများနေတာ၊ စိတ်ဖိစီးပြီး stress တွေပိနေတာ၊ depression ဝင်နေတာတွေကို ဖြေလျှော့ပေးပါတယ်။

Sukhasana

ပုံမှာပြထားတဲ့အတိုင်းနေပြီး မျက်စိမှိတ်ကာ အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးရမှာပါ။ ဒီယောဂကျင့်စဉ်က ကိုယ်နေနိုင်ရင် နေနိုင်သလောက် ကောင်းပါတယ်။ Mental health အတွက် အရမ်းအထောက်အကူပြုပါတယ်။ စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။

Tadasana

ခန္ဓာကိုယ်အကြောတွေကို ဆန့်ထုတ်ပြီး ပုံမှာပြထားတဲ့အတိုင်း ခြေဖျားထောက်ထားပါ။ လက်နှစ်ဖက်ကိုလည်း အပေါ်ကိုဆန့်ထားပါ။ အဲ့အတိုင်းနေပြီး မျက်စိမှိတ်ကာ အသက်ရှူသွင်းရှူထုတ် အာရုံစူးစိုက်ပြီး လုပ်ပေးပါ။ Stress တွေ လျော့ကျစေပြီး relax ဖြစ်စေပါတယ်။

Balasana

ပုံမှာပြထားတဲ့အတိုင်းနေတဲ့အခါမှာ နဖူးနဲ့ ကြမ်းနဲ့ထိရပါမယ်။ ခြေဖနောင့်က တင်ပါးနဲ့ထိနေရပါမယ်။ လက်နှစ်ဖက်ကိုလည်း အရှေ့ကို ဆန့်ထုတ်ထားပါ။ မျက်စိမှိတ်ပြီး စက္ကန့် ၃၀ အဲ့အတိုင်းနေပါ။ အချိန်ပြည့်ရင် ခေါင်းကို ဖြေးဖြေးချင်းစီ ပြန်မတ်ပါ။ ဒီယောဂကျင့်စဉ်ကလည်း စိတ်ကို relax ဖြစ်စေလို့ stress တွေ လျော့ကျစေတယ်၊ ညောင်းညာတာပါ သက်သာစေပါတယ်။

Savasana

ကြမ်းမှာလှဲအိပ်ပြီး ခြေထောက်ကား၊ လက်နှစ်ဖက်ကိုကား ဆန့်ထားပါ။ ပြီးရင် မျက်စိမှိတ်ပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ Stress တွေပြေလျော့စေပြီး စိတ်ကို တည်ငြိမ်စေတဲ့ အလွယ်ကူဆုံး ယောဂကျင့်စဉ်ပါပဲ။