ကိုယ်ခံအားစနစ် မျှတအားကောင်းနေမှ ကျန်းမာရွှင်လန်းမယ်ဆိုတာ အားလုံးလည်း အသိပါ။ လူတစ်ယောက်မှာ Immune System လို့ ခေါ်ကြတဲ့ ကိုယ်ခံအားစနစ်ကောင်းဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ ကိုယ်ခံအားစနစ် ကောင်းဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေ လိုက်နာပေးရင်ရပါတယ်။

(၁) မျှတတဲ့ လေ့ကျင့်ခန်း

Photo: Freepik

ကိုယ်လက်လေ့ကျင့်ခန်းတွေကို အကြာကြီးလုပ်ရင် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်အားစိုက်လုပ်လွန်းရင် ကိုယ်ခံအားစနစ် အားနည်းသွားနိုင်ပါတယ်။ Immune System ကောင်းဖို့ ကိုယ်လက်လေ့ကျင့်ခန်းကို မိနစ် ၆၀ ထက် မပိုအောင် လုပ်ပါ။ နှလုံးခုန်နှုန်းကို ပုံမှန်ထက် ၆၀% လောက် တက်အောင် လုပ်ရမှာပါ။

(၂) ကောင်းမွန်တဲ့ အနားယူမှု

Photo: Freepik

အနားယူခြင်းဆိုရာမှာ အိပ်စက်တာအပြင် စိတ်ရောကိုယ်ပါ အကြောလျှော့ထားတဲ့ အခြေအနေကို ပြောတာ ဖြစ်ပါတယ်။ စိတ်အေးလက်အေး သက်တောင့်သက်သာ ထိုင်နေတာလည်း အနားယူနေတာပါပဲ။ ကိုယ်နှစ်သက်တဲ့ စာအုပ်လေးတစ်အုပ်ဖတ်ရင်း စိတ်ချမ်းသာနေတာလည်း အနားယူခြင်းပါပဲ။ အနားယူခြင်းဟာ ကိုယ်ခံအားစနစ်ကို ကျန်းကျန်းမာမာ အလုပ်လုပ်စေတာပဲ ဖြစ်ပါတယ်။

(၃) ဗိုက်တာမင်စီနဲ့ ဖြည့်စွက်အာဟာရများ

Photo: Freepik

ဗိုက်တာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေက အအေးမိတာလိုမျိုး ကူးစက်နာဖျားမှုကို သက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း အထောက်အပံ့ပေးပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းတဲ့ ဒိန်ချဉ်နဲ့ အချဉ်ဖောက်ထားတဲ့ ကမ်မ်ချီ ၊ မီဆိုတို့လို အစားအသောက်တွေကလည်း ကိုယ်ခံအားစနစ် ကျန်းမာရေးမှာ စားပေးသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။