ဆံပင်အတွက် လိုအပ်တဲ့အဆီဓာတ်နဲ့ ရေဓာတ်တွေခမ်းခြောက်လာတဲ့အခါမျိုးမှာ ဆံသားကြမ်းတမ်း ခြောက်သွေ့ခြင်းနဲ့ အဖျားနှစ်ခွဖြစ်ခြင်းတွေကို ခံစားရလေ့ရှိပါတယ်။ အဲ့ဒါကြောင့် ‌မိန်းကလေးတော်တော်များများက ဆံပင်အဖျားတွေညှပ်ထုတ်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေကြတာ များပါတယ်။ ဒါကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်တာကို ဖြေးဖြေးချင်းစီသက်သာပြီး ပျောက်သွားစေမယ့် သဘာဝပေါင်းတင်နည်းလေး နှစ်မျိုးကို ပြောပြပေးချင်ပါတယ်နော်။

ကဲ..ဆံပင်အဖျားနှစ်ခွဖြစ်နေလို့ ဆံသားခြောက်သွေ့နေလို့ စိတ်ညစ်နေသူတွေရေ..စိတ်ကြိုက်ရာ တစ်မျိုးကို ရွေးချယ်ပြီး စမ်းလုပ်ကြည့်ပါနော်။

ကြက်ဥအနှစ်၊ သံလွင်ဆီနဲ့ ပျားရည် ပေါင်းတင်နည်း

ကြက်ဥမှာ ပရိုတင်းဓာတ်၊ Fatty Acid တွေပါဝင်လို့ သဘာဝအတိုင်း ဆံကေသာကို ပေါင်းတင်ပေးနိုင်ပါတယ်။ ဦးရေပြားကိုလည်း သန့်စင်ပေးပြီး ဆံပင်အမြစ်ကို အားဖြည့်ပေးပါတယ်။ ဒါ့အပြင် သံလွင်ဆီနဲ့ ပျားရည်မှာဆိုရင်လည်း သဘာဝအတိုင်း ဆံကေသာကို အားဖြည့်စိုပြေစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဆံပင်အုံကိုလည်း ပိုပြီးထူလာစေပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥအနှစ် တစ်လုံး
သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်ဥအနှစ် တစ်လုံး၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ကို ပန်းကန်တစ်လုံးထဲရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ဆံပင်ကို ခေါင်းသေချာလျှော်ပေးပြီး အဲဒီရောထားတဲ့ပေါင်းဆေးကို လိမ်းပေးပါ။ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး သွေးလည်ပတ်မှုကောင်းမွန်စေဖို့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိ လုပ်ပေးနိုင်ပါတယ်။ တစ်လလောက်ဆိုရင်တော့ ဆံသားလေးတွေ စိုအိပျော့ပျောင်းပြီး အဖျားနှစ်ခွဖြစ်တာလည်း သိသိသာသာ သက်သာလာတာကို တွေ့မြင်ရမှာပဲ့ဖြစ်ပါတယ်။

ငှက်ပျောသီးနဲ့ နှင်းဆီရည် ပေါင်းတင်နည်း

ငှက်ပျောသီးမှာ ဗီတာမင် A,C,E ပါဝင်ပြီး Essential Oil တစ်မျိုးပါဝင်လို့ ဆံကေသာ သန်စွမ်းစေဖို့ အားဖြည့်ပေးပါတယ်။ ဆံပင်အဖျားနှစ်ခွ ဖြစ်တာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

ငှက်ပျောသီး မှည့်၁ လုံး
နှင်းဆီရည် စားပွဲတင်ဇွန်း ၁ ဇွန်း
သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ငှက်ပျောသီးမှည့်တစ်လုံးကို ပြဲအောင်လုပ်ပါ။ ပြီးရင် နှင်းဆီရည်၊ သံပုယိုရည်၊ ဒိန်ချဉ်တို့ကို ရောပြီး သေချာမွှေလိုက်ပါ။ အဲဒီနောက် ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ အရင်လျှော်ချပြီး ရောထားတဲ့ပေါင်းဆေးကို လိမ်းပေးပါ။ ဆံပင်အရင်းကနေ အဖျားထိ နှံ့အောင် လိမ်းပေးရမှာပဲ့ ဖြစ်ပါတယ်။ ၁ နာရီလောက် ထားပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးရမှာဖြစ်ပါတယ်။ ၁ လလောက်ဆိုရင် သိသာတဲ့Resultကို ရရှိလာမှာပဲ့ဖြစ်ပါတယ်။