လက်သည်းအရှည်မြန်ချင်တဲ့သူတွေနဲ့ လက်သည်းပျော့ပြီး ခဏခဏကျိုးလို့ စိတ်ညစ်နေရတဲ့သူတွေအတွက် လက်သည်းအရှည်မြန်ပြီး healthy nails ရရှိစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Hydrate

လက်သည်းကို အားဖြည့်တဲ့အဆီတွေ လိမ်းပေးတာမျိုး၊ လက်သည်းကို ပုံမှန် moisturizer လိမ်းပေးတာမျိုး လုပ်ပေးရပါမယ်။ ဒါမှ လက်သည်းပျက်စီးမှု နည်းမှာပါ။

Biotin or Collagen supplements

လက်သည်းသန်စွမ်းကျန်းမာပြီး အရှည်မြန်စေဖို့ဆိုရင် biotin or collagen supplements တစ်ခုခုကို သောက်ပေးတာက ပိုထိရောက်ပါတယ်။

လက်သည်းအတုမတပ်ပါနဲ့

လက်သည်းအတုတပ်တာက ကော်တွေသုံးပြီးတပ်ရတာဖြစ်လို့ လက်သည်းအရမ်းပျက်စီးပါတယ်။ လက်သည်းပျက်စီးရင် အရှည်လည်းနှေးမှာပါ။ ဒါကြောင့် လက်သည်းအရှည်မြန်ပြီး healthy nails ရချင်ရင်တော့ လက်သည်းအတုတပ်တာကို ရှောင်ပါ။

လက်သည်းမကိုက်ပါနဲ့

လက်သည်းကိုက်တာက လက်သည်းကျန်းမာရေးအတွက်လည်း မကောင်းသလို လက်သည်းလည်း အရမ်းပျက်စီးပါတယ်။ လက်သည်းပုံပျက်ပြီး အရှည်လည်းအရမ်းနှေးပါတယ်။

လက်သည်းနီ

လက်သည်းနီဆိုးတဲ့အခါမှာ လက်သည်းနီကို quality ကောင်းတာမျိုးသုံးပေးတာက လက်သည်းအတွက် ပိုကောင်းပါတယ်။ လက်သည်းနီမဆိုးခင်မှာ base coat ခံဆိုးပါ။ ပြီးရင် အပေါ်ကနေ top coat ထပ်ဆိုးပေးပါ။ လက်သည်းနီဆိုးတိုင်းမှာ ဒီလိုဂရုတစိုက်လုပ်ပေးရင် လက်သည်းပျက်စီးမှုနည်းပါတယ်။

လက်သည်းဖျက်ဆေးနဲ့ပဲဖျက်ပါ

လက်သည်းနီတွေကို လက်သည်းဖျက်ဆေးနဲ့မဖျက်ပဲ အလွယ်လက်သည်းနဲ့ခြစ်တာမျိုး၊ ဓားနဲ့ခြစ်တာမျိုးက လက်သည်းအရမ်းပျက်စီးပါတယ်။ ဒါကြောင့် လက်သည်းဖျက်ဆေးနဲ့ပဲ ဖျက်ပေးပါ။

လက်သည်းကျိုးရင်ညှပ်ပါ

လက်သည်းက အကုန်ကျိုးတာမဟုတ်ပဲ တစ်ဝက်ပဲကျိုးတာမျိုး၊ ပဲ့နေတာမျိုးတွေရှိရင် ညှပ်ပစ်ပါ။ နှမြောလို့ဆိုပြီး မညှပ်ပဲထားရင် လက်သည်းအရှည်နှေးပါတယ်။