ဘယ်လိုကိစ္စမျိူးပဲရှိနေပါစေ၊ ဘယ်လိုအခြေအနေမျိုးပဲ ရောက်နေပါစေ စိတ်ညစ်ပြီး စိတ်ဆင်းရဲနေတာမျိုးတွေမရှိပဲ အတတ်နိုင်ဆုံး အချိန်တိုင်းမှာ ကိုယ့်စိတ်ကို ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ကလည်း တကယ့်ကို အရေးကြီးပါတယ်နော်။ ဒါကြောင့် ဘယ်လိုအခက်ခဲတွေကိုပဲ့ ကြုံကြုံ Stressအဖြစ်မခံပဲ့ ‌စိတ်‌ပျော်ရွှင်မှုရအောင် အလွယ်တကူပြုလုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုချစ်ပါပါ

မပျော်ရွှင်ရတဲ့ အဓိကအကြောင်းအရင်းတစ်ခုကလည်း လူတော်တော်များများက ကိုယ့်ကိုယ်ကို ချစ်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် အမြဲတမ်း ကိုယ့်ကိုယ်ကိုလှအောင်နေပါ။ ကျန်းမာရေးကောင်းအောင်နေပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ကျန်းမာပြီး အမြဲတမ်းလှနေရင် စိတ်ပျော်ရွှင်မှုရစေပါတယ်။ စိတ်ချမ်းသာရပါတယ်။

Positive thinking

အရာရာကို Positive thinking နဲ့ အကောင်းဘက်ကနေပဲ တွေးမယ်ဆိုရင်တော့ အချိန်တိုင်းမှာ စိတ်ချမ်းသာပြီး ပျော်ရွှင်ရမှာပါ။ တစ်ခါတစ်လေ ကိုယ့်တွေးတဲ့ပုံစံကလည်း ကိုယ့်အတွက် အကောင်းဖြစ်မလား အဆိပ်ဖြစ်နေမလားဆိုတာ မူတည်ပါတယ်နော်။

Negative ဆန်တဲ့အတွေးတွေကို အတတ်နိုင်ဆုံးဖယ်ထုတ်ပစ်ပါ

Negative ဆန်တဲ့အတွေးတွေက ကိုယ့်စိတ်ကို မပျော်ရွှင်အောင် ဖျက်စီးပစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းတာ၊ စိတ်ညစ်တာ၊ အားငယ်တာတွေကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် အချိန်တိုင်းမှာ စိတ်ပျော်ရွှင်မှုရချင်ရင် Negative ဆန်တဲ့အတွေးတွေကို ဖယ်ထုတ်ပစ်ပါ။

လေ့ကျင့်ခန်းများများလုပ်ပါ

ကိုယ့်ရဲ့တစ်နေ့တာအချိန်ဇယားထဲမှာ လေ့ကျင့်ခန်းလုပ်တာကို မဖြစ်မနေထည့်ထားပါ။ Workout လုပ်ပေးတာပဲဖြစ်ဖြစ်၊ Yoga ကျင့်ပေးတာပဲဖြစ်ဖြစ် တစ်ခုခုကိုသာ သေချာစွဲလုပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်လှပပြီး စိတ်လည်းကြည်လင်စေမယ်၊ စိတ်အေးချမ်းပြီး ပျော်ရွှင်ရစေပါတယ်။ Stress တွေကိုလည်း ခဏလေးနဲ့ လျော့ကျစေပါတယ်။

လိုအပ်တဲ့သူတွေကို ကူညီပေးဖို့ မမေ့နဲ့။

ကိုယ့်ထက်အဆင်မပြေတဲ့သူတွေ၊ တကယ်လိုအပ်နေတဲ့သူတွေကို ကိုယ်တတ်နိုင်သလောက် အမြဲတမ်းကူညီပါ။ ဒီလိုကူညီရခြင်းကြောင့် သူများလည်းအဆင်ပြေပြီး စိတ်ပျော်ရွှင်ရသလို၊ ကိုယ်တိုင်လည်း စိတ်ချမ်းသာပြီး ပျော်ရွှင်ရပါတယ်။

Stress တွေကိုချရေးလိုက်ပါ

Stress တွေရှိနေရင် တွေးပြီးစိတ်ညစ်မခံပါနဲ့။ အကြာကြီးစိတ်ထဲမထားပါနဲ့။ စာအုပ်ထဲမှာ ချရေးလိုက်ပါ။ စိတ်ပေါ့သွားပါလိမ့်မယ်။ ပြီးရင်တော့ စိတ်တည်ငြိမ်စေမယ့်အရာတွေ၊ စိတ်ပျော်ရွှင်စေမယ့်အရာတွေ၊ ကိုယ်ကြိုက်တာလေးတွေကို အာရုံပြောင်းပြီးလုပ်ကြည့်ပါ။ Stress တွေအားလုံး ခဏလေးနဲ့ပျောက်သွားပါလိမ့်မယ်။