ကြိတ်ကြွေနေရတဲ့ ကောင်မလေးတစ်ယောက် ရှိနေရင် ကောင်မလေးဆီက Impression ကောင်းဖို့ သင်လည်း ကြိုးစားနေမှာပါ။ အခုပြောမယ့်အချက်လေးတွေက သင့် Crush ဆီက အမှတ်ရဖို့ အကူအညီဖြစ်ပါလိမ့်မယ်။

(၁) ပြုံးပါ။ ရယ်ပါ။ ဟာသဉာဏ်ရှိပါ

Happy couple have fun in cafe

Photo: Freepik

လူတွေဟာ နှစ်လိုဖွယ် အပြုံးတွေကို သဘောကျစမြဲပါ။ လူအချင်းချင်း ဆက်ဆံရေးမှာ တစ်ယောက်ကို တစ်ယောက် ပိုနီးကပ်စေတာ အပြုံးအရယ်နဲ့ ရွှင်မြူးစေတဲ့ အပြုအမူတွေပါပဲ။ သင့် Crush နဲ့ တွေ့ရင်လည်း ပြုံးဖို့မမေ့ပါနဲ့။ အခွင့်သာလို့ စကားပြောနိုင်မယ်ဆိုရင်လည်း ဟာသလေးတွေ ပြောပေးဖို့ အကြံပေးချင်ပါတယ်။

(၂) ကိုယ့်အသွင်အပြင်ပေါ်မှာ ယုံကြည်မှုရှိပါ

Walking couple at the city

Photo: Freepik

မဟုတ်တာ လုပ်ရမှာပဲ ရှက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့အတွက်တော့ မရှက်ပါနဲ့။ သင်ဟာ ရုပ်ချောရင်လည်း ချောမယ်။ ပုံမှန် ရွက်ကြမ်းရေကျိုရုပ်လည်း ဖြစ်နိုင်ပါတယ်။ သပ်ရပ်သန့်ရှင်းစွာ ဝတ်စားဆင်ယင်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ နေပါ။ ဒါဆိုရင် Impression ကောင်းရဖို့ လုံလောက်ပါပြီ။

(၃) ပျူငှာဖော်ရွေမှု ရှိပါ

Happy multiracial friends communication together, drinking coffee, eating cake, sitting in cafe

Photo: Freepik

ဘယ်သူ့ပေါ်မဆို ပျူပျူငှာငှာ နေတတ်တဲ့သူကို လူတွေက ချစ်ကြပါတယ်။ ဒီနည်းလမ်းကို Crush အထင်ကြီးဖို့လောက် သုံးတာမျိုး မဖြစ်စေပါနဲ့။ စေတနာအမှန်နဲ့ ချစ်ချစ်ခင်ခင် ဖော်ဖော်ရွေရွေ နေတတ်ပါစေ။

(၄) သူတစ်ပါး ခံစားချက် နားထောင်တတ်ပါစေ

Couple together at the kitchen drinking coffee

Photo: Freepik

တစ်ခြားသူရဲ့ အသံကို နားထောင်ပေးတတ်ခြင်းဟာ သင့်ရဲ့ တန်ဖိုးနဲ့ သိက္ခာကိုပါ မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ လူတိုင်းဟာ သူတို့ဘဝထဲက သူတို့ကို လွှမ်းမိုးမှုရှိတဲ့အရာတွေအကြောင်းကို မျှဝေချင်စမြဲပါ။ နားထောင်ဖို့ ပျင်းတဲ့သူဟာ ဘယ်လောက်ပဲ စကားပြောကောင်းကောင်း သူ့အပြောကို ဘယ်သူ့နားမှာမှ မချောတတ်ပါဘူး။

နောက်ဆုံးတစ်ချက်ပါပဲ။ ကောင်မလေးတစ်ယောက်ကို ချစ်တယ်ဆိုတာ ထင်သလိုမဖြစ်ရင် သိပ်ပြီး စိတ်ပင်ပန်းရပါတယ်။ သင့်စိတ်ကို ပြင်ထားပါ။ ကိုယ့် Crush က ကိုယ့်ကို ငြင်းလိုက်တဲ့အခါမျိုးမှာပါ ပြုံးပြနိုင်ဖို့ လိုပါတယ်။ အနည်းဆုံးတော့ ပိုပြီး ရင့်ကျက်ကြံ့ခိုင်သူ ဖြစ်လာဖို့ နီးစပ်သွားတာပဲလို့ မှတ်ယူရမှာပါ။