ပျက်စီးနေတဲ့ဆံသားကို ပြန်လည်ကောင်းမွန်လာအောင် healthy hair လေးပြန်ရလာအောင် ပြန်လည်ထိန်းသိမ်းနိုင်မယ့် အလွယ်ကူဆုံးသော နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေကိုသာ ပုံမှန်လုပ်ပေးသွားရင် ဆံပင်ပျက်စီးနေတာတွေသက်သာပြီး ဆံသားပြန်ကောင်းလာမှာပါ။

နေပူထဲသွားရင် ထီး (သို့) ဦးထုပ်ဆောင်းပါ

နေပူထဲကို အကာအကွယ်မပါပဲသွားတာက ဆံသားကို နေရောင်ခြည်တိုက်ရိုက်ထိလို့ ပိုပြီးပျက်စီးစေပါတယ်။ ဆံသားခြောက်ပြီးဖွာစေပါတယ်။ ဒါကြောင့် နေပူထဲသွားရင် ထီး (သို့) ဦးထုပ်ဆောင်းပေးပါ။

ရေအေးနဲ့ပဲခေါင်းလျှော်ပါ

ရေနွေးနဲ့ခေါင်းလျှော်ရင် ဆံသားခြောက်ပြီး dehydrates ဖြစ်စေတာကြောင့် ရေအေးနဲ့ပဲ ခေါင်းလျှော်ပေးပါ။ ရေအေးနဲ့ခေါင်းလျှော်တာက ဆံသားတောက်ပြောင်စေပြီး နူးညံ့စေပါတယ်။

၂ လ တစ်ခါ အဖျားတွေညှပ်ပါ

ဆံပင်ကို ၂ လ တစ်ခါလောက် ဆိုင်သွားပြီး အဖျားတွေညှပ်ပေးပါ။ ဆံပင်ပျက်စီးနေတာတွေ၊ နှစ်ခွဖြစ်နေတာတွေ၊ ဆံသားကျိုးကြေနေတာတွေ သက်သာပြီး ဆံပင်အရှည်မြန်စေပါတယ်။

ခေါင်းလျှော်တိုင်း Conditioner သုံးပါ

ခေါင်းလျှော်ရင် Shampoo ကို နည်းနည်းပဲသုံးပါ။ ခေါင်းလျှော်တိုင်းမှာ Conditioner သုံးပေးဖို့လည်း မမေ့ပါနဲ့။ Conditioner သုံးပေးတာက ဆံပင်ပျက်စီးနေတာတွေ သက်သာစေပြီး ဆံသားနူးညံ့စေတယ်၊ ဆံပင်ဖွာတာတွေ၊ နှစ်ခွတွေလည်း သက်သာစေပါတယ်။

အပူချောင်းတွေလျှော့သုံးပါ

အပူချောင်းတွေသုံးတာက ဆံသားအရမ်းပျက်စီးစေပါတယ်။ သင့်ဆံသားက ပျက်စီးနေရင် ဒါတွေသုံးတာကို ခဏရပ်ထားလိုက်ပါ။ Hair Dryer ကိုလည်း တတ်နိုင်သမျှမသုံးပဲ ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပေးပါ။

Hair Oil လိမ်းပေးပါ

Hair Oil မလိမ်းရင် ဆံသားခြောက်ပြီးဖွာပါတယ်။ ဆံသားပျက်စီးနေတာတွေ ပိုသိသာစေပါတယ်။ Hair Oil ပုံမှန်လိမ်းပေးမယ်ဆိုရင်တော့ ဆံသားတောက်ပြောင်ပြီး ခြောက်တာ၊ ဖွာတာတွေလည်းမဖြစ်ပဲ ဆံပင်နှစ်ခွတွေလည်း သက်သာလာပါမယ်။