ဆံပင်ကောက်စက် အပူချောင်းတွေသုံးစရာမလိုပဲနဲ့ အိမ်မှာအလွယ်တကူ ကိုယ်တိုင်လုပ်လို့ရမယ့် ဆံပင်ကောက်နည်းကို မျှဝေပေးလိုက်ပါတယ်။ အပူချောင်းတွေက ဆံသားပျက်စီးစေတာကြောင့် ဒီနည်းလမ်းက မိန်းကလေးတွေအတွက် အရမ်းကိုအသုံးဝင်မှာပါ။

ဒီလိုကောက်ဖို့အတွက် Curling Headband လေးတွေတော့ နှစ်ခုလိုပါမယ်။

အရင်ဆုံး ကောက်သားပိုပေါ်ဖို့နဲ့ ကောက်သားကြာရှည်ခံဖို့ Hair Spray ဖြန်းပါမယ်။

ဖြန်းပြီးရင် ဆံပင်ကို နှစ်ဖက်ခွဲလိုက်ပါ။

ဆံပင်ဘေးခွဲပြီး ပုံမှာလုပ်ပြထားသလို ဆံပင်အကုန်ယူပြီးမလိမ်ပဲ ဆံပင်နည်းနည်းကိုပဲ အရင်ယူပြီးလိမ်ပါမယ်။

အဲ့ဆံပင်ကို တစ်ဆင့်လိမ်ပြီးရင် နောက်ထပ်ဆံပင်နည်းနည်းကို ထပ်ယူပြီး ခုနကဆံပင်နဲ့ သွားပေါင်းကာ Curling Headband နဲ့ ထပ်လိမ်ပါမယ်။

အဲ့အတိုင်း ဆံပင်ကို နည်းနည်းချင်းစီယူပြီး တစ်ဆင့်ချင်းစီ Curling Headband နဲ့ လိမ်သွားပေးပါ။ ပြီးရင် ခေါင်းစည်းကြိုးတစ်ခုနဲ့ သေချာချည်လိုက်ပါ။

ဆံပင်ဘေးခွဲထားတာများတဲ့ နောက်တစ်ဖက်ကိုကျတော့ ဆံပင်များများယူပြီး ခုနကလိုပဲ Curling Headband နဲ့ လိမ်ပါမယ်။

သူ့ကိုကျတော့ နှစ်ဆင့်လိမ်ပြီးမှ နောက်မှာကျန်တဲ့ ဆံပင်တွေကို နည်းနည်းများများစီ ယူပြီးလိမ်လိုက်ပါ။ ပြီးသွားရင် ခေါင်းစည်းကြိုးနဲ့ ချည်လိုက်ပါ။

အားလုံးပြီးသွားပြီဆိုရင်တော့ နှစ်ဖက်လုံးကို အနောက်မှာယှက်ပြီး ကလစ်လေးနဲ့ ခိုင်အောင်ထိုးထားလိုက်ပါ။ ဒီတိုင်းလေးထားချင်လည်း ရပါတယ်။ ဒါက ကိုယ်အဆင်ပြေသလို လုပ်လို့ရပါတယ်။

အဲ့အတိုင်း အနည်းဆုံး ၄ နာရီလောက်ထားပြီးမှ ဆံပင်ပြန်ဖြည်ချပါ။ ဒါဆိုရင်တော့ ကောက်စက်တွေ အပူချောင်းတွေ သုံးစရာမလိုပဲ အရမ်းလှတဲ့ ဆံပင်အကောက်လေးကို ရရှိသွားပါပြီ။