သွားနဲ့ခံတွင်းကျန်းမာရေးက သိပ်ကိုအရေးကြီးတယ်ဆိုတာ လူကြားထဲ စကားပြောတဲ့အချိန် အရမ်းသိသာလှပါတယ်။ ဘာလို့လဲဆိုတော့ လူအများနဲ့ စကားပြောချိန် ခံတွင်းအနံ့အသက်မကောင်းရင် တခြားသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြင် သင့်ရဲ့ဆွဲဆောင်မှုအားလည်း လျော့စေပါတယ်။ ဒါ့အပြင် အပြုံးချင်းဖလှယ်ရာမှာလည်း သင့်ကို ယုံကြည်မှုမရှိသလို ခံစားရစေပါတယ်။

ဒါကြောင့် ဒီအတွက် ဘယ်လိုသွားတိုက်ဆေးတွေ ဝယ်ယူအသုံးပြုရင်ကောင်းမလဲလို့ တွေးနေပြီမလား။ အဲဒီလို ဈေးကြီးပေးပြီး ဝယ်သုံးစရာမလိုပဲ့ ဒီသဘာဝပစ္စည်းလေးတွေကိုသာ သွားတိုက်ဆေးအဖြစ် အသုံးပြုပြီး တိုက်ကြည့်လိုက်ပါနော်။ ခံတွင်းအနံ့အသက်တွေ ကင်းရှင်းရုံသာမက ဖွေးဆွတ်နေတဲ့ သွားဖြူဖြူလှလှလေးတွေကိုပါ ရရှိစေမှာဖြစ်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ့နော်..

ပါဝင်တဲ့ပစ္စည်းတွေကတော့

အုန်းဆီသန့် စားပွဲတင်ဇွန်း ၂ ဇွန်း

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောမွှေလိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။ အဲဒီလိုတိုက်ရာမှာ လျှာကိုလည်း တိုက်ပေးဖို့မမေ့ပါနဲ့။

မုန့်ဖုတ်ဆိုဒါကြောင့် သွားတွေကို ဖြူဖွေးစေမှာဖြစ်ပြီး သွားချိုး (ဂျိုး) တွေကိုပါ ပျောက်ကင်းစေပါတယ်။ အုန်းဆီမှာပါတဲ့ Antimicrobial အစွမ်းကြောင့် လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေမှာပါ။ ဒါ့ကြောင့် အာပုပ်ဆော်နံ့တာကို ပျောက်ကင်းစေပါတယ်။

ခံတွင်းအနံ့အသက်ရှင်းရှင်းလေးနဲ့ ဖြူဖွေးနေတဲ့ သွားလှလှလေးတွေကို ရိုးရှင်းလွယ်ကူတဲ့သဘာဝနည်းလမ်းလေးကို အသုံးပြုပြီး ပိုင်ဆိုင်ကြပါစို့…..