သာမာန်ရိုးကျဖြစ်တဲ့ Makeup Look တွေကိုပြင်ရတာ ငြီးငွေ့နေပြီလား။ မိန်းကလေးတို့ သဘာဝအတိုင်း အသစ်အဆန်းလေးတွေလိုက်ပြင်ရတာ ကြိုက်တယ်ဆိုရင်တော့ ဒီMakeup Look လေးတွေကတော့ အဆင်ပြေစေမှာပါနော်။ ကိုယ်ကမိတ်ကပ်ဆိုရင် ထူထူကြီးတွေပြင်ရတာကို မကြိုက်ဘူး ကာလာအရောင်တွေကို ခြယ်ရတာကိုသဘောကျတဲ့သူတစ်ယောက်လား။Colorful Makeup တွေက ပြင်ကြည့်ရတာ အပျင်းလည်းပြေသလို အိမ်မှာနေရင်း ပြင်ပြီးရင် ဓာတ်ပုံUpdate လေးတွေလည်း ရိုက်လို့ရတာပေါ့။ Colorful ဆိုတဲ့အတိုင်း ပြင်တဲ့အခါမှာလည်း ကိုယ်ရွေးချယ်ပြီး ပြင်ကြည့်တဲ့အရောင်တွေက လိုက်ဖက်မှုရှိဖို့လည်း လိုအပ်တယ်နော်။ Colorful Makeup က Foundation အထူကြီးလိမ်းစရာမလိုပါဘူး။ မျက်လုံးအနီးတစ်ဝိုက်ကိုပဲ Foundation ကိုပဲသေချာလိမ်းပေးဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင်တော့ မျက်လုံးအရောင်ကနေတစ်ဆင့် Colorful ဖြစ်အောင်ခြယ်သရမှာ ဖြစ်တဲ့အတွက် Foundation ကအရေးကြီးဆုံးဖြစ်ပါတယ်။ Colorful Makeup တွေက 2021 မှာလည်း အရမ်းကိုခေတ်စားလာတဲ့ Makeup Look တစ်ခုလည်းဖြစ်ပါတယ်။ Instagram Model လေးတွေရဲ့ Selfie Makeup Look တွေလည်း ဖြစ်သလို Creative ဖြစ်တဲ့ Makeup Look လည်းဖြစ်ပါတယ်။ ကဲ့ဒီလိုဆို အိမ်မှာနေတဲ့အချိန်တွေကို ပြင်ကြည့်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

Photo Source – Pinterest