ပျိုမေတို့အားလုံးမင်္ဂလာပါ။ လက်မောင်းနေရာက အဆီတွဲကျတာ ဒါမှမဟုတ် ကျစ်ကျစ်လစ်လစ် မရှိဘဲ လက်မောင်းတုတ်တာက သင့်ကိုယ်သင် ယုံကြည်မှုကို ကျဆင်းစေပါတယ်။ လက်မောင်းအဆီက ဗိုက်အဆီလိုပဲ ချဖို့ ခက်တဲ့အဆီထဲပါဝင်ပါတယ်။ ဒီတော့ သင်က အိမ်မှာနေရင်း လက်မောင်းအဆီကျချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေပြုလုပ်နိုင်ပါတယ်။
၁။ Tricep Dips
Photo Source: Pinterest
- ကြမ်းပြင်ပေါ် လက်နောက်ပြန် ထောက်တဲ့ပုံစံ နေပေးရပါမယ်။
- လက်ကို အားပြုပြီး အပေါ်အောက် သွားပေးရပါမယ်။
- ၁၀ ကြိမ်လုပ်ပေးရပါမယ်။
၂။ Shoulder Taps
Photo Source: Betches
- Plank ထောက်တဲ့ပုံစံ ထောက်ထားရပါမယ်။
- ဒီအနေအထားမှာ လက်တစ်ဘက်ကို အားပြုပြီး ကျန်လက်တစ်ဖက်ကို အားပြုထားတဲ့လက်ဆီ ပုတ်ပေးရပါမယ်။
- ဒါကို ဘယ်ညာ ၁၀ ကြိမ် (အကြိမ် ၂၀) ပြုလုပ်ပေးရပါမယ်။
၃။ Tricep Dips
Photo Source: Pinterest
- လေ့ကျင့်ခန်း ၃ အနေနဲ့ လေ့ကျင့်ခန်း ၁ – Tricep Dips ကို ၁၀ ကြိမ်ထပ်လုပ်ပေးရပါမယ်။
၄။ Punches
Photo Source: Pinterest
- လက်သီးထိုးတဲ့ပုံစံလုပ်ပေးရပါမယ်။
- ဒါကို ဘယ်ညာ ၁၀ ကြိမ်ဆီ လုပ်ပေးရပါမယ်။
၅။ Raised Arm Circles
- လက်မောင်းကို ဆန့်တန်းထားပြီး လွှဲပေးရပါမယ်။
- ဒီလိုလွှဲတာကို ၁၀ ကြိမ်လုပ်ပေးရပါမယ်။
၆။ Punches
Photo Source: Pinterest
- လေ့ကျင့်ခန်း ၄ လက်သီးထိုးတဲ့ပုံစံကို အခါ ၂၀ ပြန်လုပ်ရပါမယ်။
By MyStyle Myanmar