Glow Look လေးတွေပြင်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ပြင်ဆင်ရတာလွယ်ကူပြီး လှလည်းလှတဲ့ Glowy Natural Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Natural Look လေးလည်းဖြစ်လို့ ထသွားထလာပြင်ဆင်ဖို့၊ နေ့တိုင်းပြင်ဆင်ဖို့လည်း အရမ်းအဆင်ပြေတယ်နော်။

အရင်ဆုံး Skincare တွေလိမ်းပြီးတော့ Glow Serum Spary ကို ဖြန်းလိုက်ပါတယ်။

Lip Balm ဆိုးထားပါမယ်။

Foundation ကို အများကြီးမလိမ်းပဲ ပုံမှာလိမ်းပြထားသလိုလေး လိမ်းပါမယ်။ လက်နဲ့မလိမ်းပဲ Makeup Sponge နဲ့လိမ်းပါမယ်။

Bronzer Stick ကို လက်မှာပွတ်ပြီး Makeup Sponge နဲ့ယူကာ မေးရိုးနဲ့ပါးရိုးကို နည်းနည်းစီချပါမယ်။

ပါးနီကို လိမ္မော်နဲ့အညိုဖောက်တဲ့ အရောင်လေးသုံးပြီးတော့ ခြယ်ပါမယ်။ ပါးနီကိုလည်း Cream Type သုံးပြီး လက်မှာအရင်ပွတ်ပါတယ်။ ပြီးမှ Makeup Sponge ယူပြီးလိမ်းပါတယ်။ ဒါမှ အသားနဲ့ကပ်ပြီး Natural Look လေးပိုရစေတာပါ။

ပြီးရင်တော့ Glow Serum Spary ကို ထပ်ဖြန်းပါမယ်။

Powder လိမ်းပါမယ်။ Powder လိမ်းတဲ့အခါ မျက်နှာတစ်ပြင်လုံးကို လိမ်းချတာမျိုးမလုပ်ပါနဲ့။ အရင်ဆုံး မျက်လုံးအောက်နား မျက်ကွင်းညိုတဲ့နေရာတွေကို ဖိဖိပြီးလိမ်းပါမယ်။ ပြီးမှ အဆီပြန်တဲ့ T-zone နေရာတွေကို လိမ်းပါမယ်။ ဒါမှ Glow Look မပျောက်သွားမှာပါ။

မျက်ခုံးမွှေးဆွဲပါမယ်။

အညိုရောင် Eyeshadow နဲ့နှာတံဖော်ပြီး မျက်ခွံကိုလည်း နည်းနည်းခြယ်ပါမယ်။

အညိုရောင် Pencil Eyeliner နဲ့ Eyeliner ကို ပါးပါးလေးဆွဲပါမယ်။

Mascara နဲ့မျက်တောင်ကော့ပါမယ်။ အပေါ်မျက်တောင်ကိုပဲ ကော့ပေးပါ။

အညိုရောင် Lip Liner နဲ့ နှုတ်ခမ်းပုံဖော်ပါမယ်။ ပြီးမှ အညိုရောင် Lip Gloss or Lip Tint ကို ဆိုးပါမယ်။ Lip Gloss တွေမရှိရင်လည်း အညိုရောင်နှုတ်ခမ်းနီဆိုးပြီး Lip Balm ထပ်ဆိုးပေးလို့ရပါတယ်။

ဒါဆိုရင်တော့ ပြင်ဆင်ရတာလွယ်ကူပြီး လှလည်းလှတဲ့ Glowy Natural Makeup Look လေးကို ရရှိသွားပါပြီ။