မင်္ဂလာပါနော်။ ရုံးသွားရင်ပဲဖြစ်ဖြစ် အပြင်သွားရင်ပဲဖြစ်ဖြစ် ဆံပင်ပုံစံ အမျိုးမျိုး လုပ်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဆံပင်ပုံစံပြုလုပ်နည်းတချို့ကို မျှဝေပေးသွားမှာပါနော်။

အချိန်သိပ်မပေးနိုင်ကြတဲ့သူတွေလည်း အဆင်ပြေစေမယ့် ပုံစံလေးတွေမို့ စာဖတ်သူတို့ သဘောကျကြမှာပါ။

၁။ ပုံစံ (၁)

အရင်ဆုံး ခေါင်းကို သေချာဖြီးလိုက်ပါ။ ပြီးရင် ဆံပင်အပေါ်ပိုင်းရဲ့ ဘေးနှစ်ဖက် ဆံပင်အနည်းငယ်ကို ယူလိုက်ပြီး တစ်ခုနဲ့တစ်ခု ချည်လိုက်ပါ။ ပြီးရင်နောက်ထပ်တခါ ထပ်ချည်ပေးပါ။

အဲဒီနောက် ဆံပင်ကို ပြေမသွားအောင် ကလစ်ထိုးပေးလိုက်ပါ။

၂။ ပုံစံ (၂)

စောစောကလိုပဲ ဆံပင်ကို ဘေးနားက နှစ်ဖက်ယူလိုက်ပါ။ ဆံပင်ယူတဲ့အခါမှာ အခုပုံမှာပြထားသလို ရစ်ပေးလိုက်ပြီး ယူပေးပါ။ ပြီးရင် ဆံပင်အရှေ့အနည်းငယ်ကို ကျစ်ဆံမြီးလေး ကျစ်ပေးလိုက်ပါ။

အဲဒီနောက် ဆံပင်နှစ်ဖက်ကို စုစည်းလိုက်ပါ။ ပြီးရင်ကျစ်ဆံမြီးကျစ်ထားတာကို စည်းထားတဲ့ အထဲ အခုပုံမှာပြထားသလို ထည့်ပေးလိုက်ပါ။

၃။ ခေါင်းမှာပန်တဲ့ အသားပျော့စကုပ်လေးကိုသုံးပြီးလုပ်မယ်

ဒီတခါမှာတော့ အသားပျော့ စကုပ်လေးကို အရင်ဆုံးပတ်ပေးလိုက်ပါ။ ပြီးရင် ဆံပင်အနည်းငယ်ကိုယူပြီး အဲဒီ ဆံကုပ်ထဲထည့်လိုက်ပါ။ ဆံပင်နှစ်ဖက်လုံးကို သေချာလေး သပ်သပ်ရပ်ရပ်ထည့်ပေးလိုက်ရင် ရပါပြီနော်။