၁။ အရည်အသွေးကောင်းသော ပစ္စည်းအနည်းငယ်ကိုသာ ဘက်စုံသုံးနိုင်ရန်ဝယ်ထားပါ။

၂။ ထူပိန်းနေတဲ့ မိတ်ကပ် Look ကို ရှောင်ကြဉ်ဖို့ရန်အတွက် မိတ်ကပ်လိမ်းပြီးတိုင်း စပရေးဖြန်းပါ။ ဒါမှ သဘာဝကျတဲ့ မိတ်ကပ် Look လေးရမှာပါ။

၃။ မျက်လုံးခြယ်ဖို့ အတွက်ဆိုရင်တော့ မျက်လုံးလေးကို ထင်းထင်းလင်းလင်းဖြစ်ဖို့အတွက် အရောင်ဖျော့ဖျော့နဲ့ သဘာဝဆန်တဲ့ အရောင်ကိုပဲ ရွေးချယ်သင့်ပါတယ်။

Photo Source: www.kyliecosmetics.com

၄။ မျက်လုံးလိုင်နာနဲ့ ကာခြယ်တွေ မလိမ်းခင်မှာ ချွေးကြောင့် အရောင်ပြယ်သွားတာ မဖြစ်ဖို့ဆိုရင် မျက်လုံး Primer အရင်ခြယ်ပေးလိုက်ပါ။

၅။ ဘရက်ရှ်တွေကိုလည်း ရောသုံးလို့ ရအောင် တစ်မျိုးလိမ်းပြီးတိုင်း သေချာသန့်အောင်ခါပြီးမှ သုံးသင့်ပါတယ်။

၆။ Concealer ကအရမ်းထူပျစ်ပျစ် ဖြစ်နေတယ်ဆိုရင် Moisturizer (သို့) နေရောင်ခံခရမ်လေးနဲ့ ရောလိမ်းရပါမယ်။

၇။ မျက်ခုံးမွှေးကိုလည်း ပုံအရင်ဖော်ပြီးမှ အထဲကို ခြယ်ပေးသင့်တယ်။ အကယ်၍သင်က မျက်ခုံးမွှေးပုံမဖော်တတ်ရင် မျက်ခုံးမွှေးဖော်တဲ့ အကွက်လေးတွေကို ပြေးဝယ်ထားသင့်တယ်နော်။

၈။ အကယ်၍သင်က လိုင်နာတစ်ခါမှ မဆွဲတတ်တဲ့ သူဆိုရင်တော့ စာရွက်တစ်ရွက်ပေါ်မှာ အရင်ကျင့်ဆွဲကြည့်ပါ။

၉။ Mascara လိမ်းမယ်ဆိုရင်လည်း မျက်လုံးအောက်နဲ့အပေါ်နားမှာ ဇွန်းတစ်ချောင်း၊ ဒါမှမဟုတ် တစ်သျှူးတစ်စနဲ့ ဖုံးထားပေးပါ၊ သို့မှသာ စောစောကလိမ်းထားတဲ့ လိုင်နာနဲ့ ရှဲဒိုးကို မပေအောင်ပါ။

၁၀။ အကပ်အသတ်ကျန်နေတဲ့ မျက်လုံးခြယ်ဆေးတွေကို အကုန်ရောလိုက်မယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတစ်စုံကို ရရှိနိုင်ပါတယ်။

Source: www.buzzfeed.com