နူးညံ့စိုပြေတဲ့ အသားအရေကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ အဲဒီလိုမျိုး အသားအရေ အမြဲတမ်းစိုပြေနေဖို့ဆိုတာကလည်း လူတိုင်းအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။

အသားအရေခြောက်ခြင်း၊ ဝက်ခြံနဲ့ ဆားဝက်ခြံထွက်ခြင်း၊ သင့်ရဲ့ အသားအရေပေါ်က အပြောင်းအလဲတစ်ခုခုဖြစ်လာခြင်း (ဥပမာ- အရွယ်မတိုင်ခင် အိုမင်းလာခြင်း) စတဲ့ပြဿနာတွေကို လျစ်လျူရှုထားလို့ မရပါဘူး။

၁။ ရေဓာတ်ပြည့်ဝအောင်လုပ်ဆောင်ရမယ့် အချက်တစ်ချို့

ရေကို ရေပူပူနဲ့ မချိုးဘဲ ရေအေးအေးလေးနဲ့ ချိုးပါ။ ရေချိုးတဲ့အခါ ဆပ်ပြာကို သေချာရွေးချယ်ပါ။ အသားအရေက အဆီပြန်တဲ့အသားအရေဖြစ်ရင် အဆီအရမ်းပါတဲ့ ဆပ်ပြာကို ရှောင်သင့်ပါတယ်။ သင့်ရဲ့ ချွေးပေါက်ကို ပိတ်စေနိုင်လို့ပါ။

ရေချိုးပြီးတဲ့အခါမှာလည်း တဘက်နဲ့ ညင်သာစွာ သုတ်ပေးပြီး Lotion လိမ်းပေးလိုက်ပါ။

တစ်နေ့ကို သဘာဝ သစ်သီးဖျော်ရည်အပါအဝင် ရေ ၂ လီတာလောက် အနည်းဆုံးသောက်ပါ။

၂။ နေရောင်ကာကွယ်ပေးတဲ့ ခရင်မ်သုံးပါ

သင့်အသားအရေကို အမြဲတမ်း ရေဓာတ်ပြည့်ဝနေစေဖို့ မျက်နှာအပါအဝင် သင့်ခန္ဓာကိုယ်တစ်ခုလုံးကို နေရောင်ကာကွယ်ပေးတဲ့ Suncreen လိမ်းပေးပါ။

၃။ သေချာသန့်စင်ပါ

မျက်နှာ အပါအဝင် ခန္ဓာကိုယ်ပေါ်က အဆီပိုနဲ့အညစ်အကြေးတွေကို သေချာသန့်စင်ပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် ဂျေးချွတ်ပေးပါ။

သကြားနဲ့ သံပုယိုရည်ပေါင်းညစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်တိုက်ပေးလို့ရပါတယ်။

၄။ အနားယူပါ

သင့်ရဲ့ ခန္ဓာကိုယ်ကိုရော သင့်မျက်လုံးကိုရော ဦးနှောက်ကိုပါ အနားပေးပါ။ ညဖက်မှာလည်း ကောင်းမွန်စွာ အိပ်စက်အနားယူပါ။ အိပ်ရေးဝဝ အိပ်တာဟာ အသားအရေကို စိုပြေစေပါတယ်။