တချို့ကောင်မလေးတွေ အနားကဖြတ်သွားတိုင်း ဒါမှမဟုတ် အနားကပ်လိုက်တိုင်း ရေမွှေးအနံ့ သင်းသင်းလေးဖြစ်နေတာ သတိထားမိလား ? သင်စွတ်ထားတဲ့ရေမွှေးအနံ့ စွဲဖို့ ကြာကြာခံဖို့ဆို ဒီအချက်တွေကို လုပ်ကြည့်ပါ။

ရေမွှေးကို Dry Skin ပေါ်စွတ်တာထက် အစိုဓာတ်ရှိတဲ့ အသားအရေပေါ်စွတ်တာက သင်စွတ်တဲ့ရေမွှေးအနံ့ကို ပိုစွဲစေပါတယ်။ ဒါကြောင့် Lotion လိ်မ်းပြီးမှ စွတ်တာက ပိုကောင်းပါတယ်။

တစ်ချိန်လုံး မွှေးကြိုင်နေစေဖို့ နောက်ထပ်လှည့်ကွက်တစ်ခုက ရေမွှေးမစွတ်ခင်မှာ ရေမွှေးနဲ့အနံ့တူတဲ့ Lotion ၊ Body Shower စတဲ့ တခြားထုတ်ကုန်တွေ စမ်းကြည့်ပါ။ ဒီလိုလုပ်တာက ရေမွှေးရနံ့က သင့်ရဲ့အမှတ်အသားဖြစ်စေမှာပါ။

ရေမွှေးဆွတ်တဲ့အခါ လက်ကောက်ဝတ်၊ လည်ပင်းအောက်ခြေ၊ နားရွက်နောက်၊ ဒူးနောက် နဲ့ တံတောင်ဆစ်အတွင်းတို့ကို ဖြန်းပေးပါ။ ဒီနေရာတွေမှာဆွတ်တာက ရေမွှေးအနံ့ကို ပိုကြကြာစွဲစေပါတယ်။

Coffee Scrub က အသားအရေကိုကြည်လင်တောက်ပစေသလို အနံ့ကိုစုပ်ယူဖို့ ကူညီပေးနိုင်တာမလို့ Coffee Scrub က ရေမွှေးအနံ့စွဲဖို့ ကူညီပေးနိုင်ပါတယ်။

တစ်ချိန်လုံးမွှေးကြိုင်နေဖို့က ရေမွှေးအများကြီးစွတ်တာထက် သင်ရှိတတ်တဲ့နေရာတွေ ဥပမာ- အတတ်ဗီရို ၊ ကား စတဲ့နေရာတွေမှာ အနံ့စုပ်တဲ့ဘူးတွေ ဒါမှမဟုတ် အမွှေးဘူးတွေထားပေးပါ။ ဒါမှ သင့်ပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းလတ်ဆတ်တဲ့ အနံ့သင်းသင်းလေးနဲ့ သင့်ကိုယ်ပိုင်ရနံ့လေးက မွှေးကြိုင်နေမှာပါ။