နွေရာသီရောက်လာပြီဆိုတော့ ပူအိုက်လာပြီနော်။ ဆံပင်ရှည်ရှည်တွေကို အလွယ်တကူ သိမ်းစည်းဖို့အတွက် ဆံပင်စည်းတာ ကျစ်ဆံမြီးကျစ်တာတွေလုပ်ဖို့ ပျိုမေတို့ စိတ်ကူးရှိကြမှာပါ။

ကျစ်ဆံမြီးကို တစ်ချောင်းတည်းကျစ်တာက လူတိုင်းလုပ်နေကျဆိုတော့ ကျစ်ဆံမြီး တချောင်းတည်းကိုမှ ရိုးရိုးမကျစ်ဘဲ ဒီလိုကျစ်ကြရအောင်ပါ။

နံပါတ် (၁) ဆံပင်ကို ၃ ခွ ခွဲလိုက်ပါ။

နံပါတ် (၂) အလည်က တစ်ခုကို အရင်ယူပြီး ကျစ်ဆံမြီးကျစ်ပြီး အောက်ခြေမှာ သရေပင်စည်းပါ။

နံပါတ် (၃) ကျန်တဲ့ နှစ်ဖက်ကိုလည်း ကျစ်ဆံမြီးကျစ်လိုက်ပါ။

နံပါတ် (၄) ပြီးရင် ကျစ်ထားတဲ့ ကျစ်ဆံမြီး ၃ ဖက်လုံးကို ပြန်ကျစ်ပေးပြီး စည်းပေးပါ။

နံပါတ် (၅) ပြီးရင် ဆံပင်ကို နည်းနည်းဖွလိုက်ပါ။

နံပါတ် (၆) စောစောကစည်းထားတဲ့ သရေပင်တွေကို ကပ်ကြေးနဲ့ ညှပ်ဖြတ်လိုက်ပါ။ ပြီးရင် ဘီးကုတ်တပ်ချင်လည်း တပ်လို့ရပါတယ်နော်။

ကဲရပါပြီ။ လွယ်လည်းလွယ်တယ်။ အမြင်လည်းဆန်းတယ်။ နွေရာသီမှာ ဒီလိုလေး လန်းကြမယ်။