တက္ကသိုလ်ကျောင်းသူလေးပဲဖြစ်ဖြစ် အလုပ်များတဲ့ လုပ်ငန်းခွင်ထဲကပဲဖြစ်ဖြစ်၊ ဗီရိုထဲမှာ အဝတ်အစားတွေပြည့်နေပေမယ့် တကယ်တန်းအပြင်သွားရတော့မယ်ဆို ဝတ်စရာမရှိဘူးလို့ တွေးမိတတ်ကြပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အနေနဲ့ စတိုင်လ်ကျကျနဲ့ လှနေဖို့ ဒီအချက်တွေကို ဂရုစိုက်သင့်ပါတယ်။

လိုက်ဖက်တာကိုဝတ်ပါ

ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်လို စတိုင်ကျကျ ၀တ်စားချင်တယ်ဆိုရင် သင်နဲ့မလိုက်တဲ့ အဝတ်အစားတွေကို မ၀တ်ပါနဲ့။ ချောင်လွန်း ၊ ပွလွန်း ၊ ကြပ်လွန်းတဲ့ အဝတ်အစားမျိုးတွေအစား ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့အဝတ်အစားမျိုး ဝတ်ပါ။

သင့်အသွင်အပြင်ကို ပေါ်လွင်စေမယ့် အဝတ်အစားတွေ ရွေးဝတ်ပါ

စတိုင်ကျနေစေဖို့ နောက်တစ်ချက်က သင့်ခန္ဓာကိုယ်အချိုးအစားကို အချိုးကျစေပြီး ထင်ရှားပေါ်လွင်စေတာမျိုး အထူးသဖြင့် သင့်ရဲ့အားသာချက်ကို မြင်သာဖို့ အရေးကြီးပါတယ်။

အရောင်တောက်တာလေးရွေးပါ

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ဆွဲဆောင်မှုရှိပြီး ယုံကြည်မှုရှိစေဖို့ တောက်ပတဲ့အရောင်တွေကို ရွေးဝတ်ပါ။ အရောင်တောက်တောက်တွေကို လုံးဝ မရှက်ပါနဲ့။

ရိုးရိုးရှင်းရှင်းဝတ်ပါ

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ရိုးရိုးရှင်းရှင်းဝတ်တာကလည်း သင့်ကို စတိုင်လ်ကျကျနဲ့ တစ်မျိုးလေး လှနေစေမှာပါ။

သင့်ရဲ့ဖက်ရှင်စတိုင်ကိုသိအောင်လုပ်ပါ

သင်နဲ့လိုက်တဲ့ ဖက်ရှင်စတိုင်က ဘာလဲဆိုတာ သိရဲ့လား ? သင်နဲ့လိုက်တဲ့စတိုင်ကို သိရဖို့ သင့်စိတ်ကြိုက်အဝတ်အစားနဲ့ သင့်ခန္ဓာကိုယ်လိုက်ဖက်မှုကို ရှာမတွေ့မချင်း အမျိုးမျိုးတွဲဝတ်ကြည့်ပါ။ ပုံမှန် ဝတ်နေကျပုံစံတွေထဲက ကွဲထွက်ဖို့ စမ်းကြည့်သင့်တဲ့ ဖက်ရှင်စတိုင်တွေ အများကြီးရှိတယ်။

Trend နောက် မလိုက်ပါနဲ့

ဖက်ရှင်ခေတ်ရေစီးကြောင်းအတိုင်း လိုက်ဝတ်တာထက် သင်နဲ့လိုက်ဖက်တဲ့ စတိုင်ကိုသာ ရွေးပါ။ ဒါက ငွေကုန်လည်းသက်သာစေသလို ရေရှည်မှာလည်း သင့်ဖက်ရှင်စတိုင်ကို တိုးတက်စေပါတယ်။

အရည်အသွေးကိုဦးစားပေးပါ

အဝတ်အစားမဝယ်ခင် အဝတ်အထည်တစ်ထည်ချင်းစီရဲ့ အရည်အသွေးကို သေချာစစ်ဆေးပါ။ အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်အနေနဲ့ အရည်အသွေးမြင့်တဲ့အ၀တ်အစားတွေကို ၀တ်ရင် စတိုင်ကျဖို့ ပိုလွယ်ပါတယ်။