လိုချင်တဲ့ဆံပင်အရောင် အရှည်တို့ကို လိုချင်တဲ့အချိ်န်မရွေး လွယ်လွယ်ကူကူဆက်လို့ရတဲ့ Clip-in Hair Extensions က အခုခေတ်လူငယ်တွေအကြိုက်ပါ ။ လိုချင်တဲ့အချိန်မှာဆက်ပြီး မလိုတဲ့အချိန်မှာ Clip-in Hair Extensions ကို သေချာလျှော်ပြီး သိမ်းနိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။

အဆင့် 1 – ဖြီးပါ

အရင်ဆုံး ဆံပင်အဆက်တွေကို သေချာလေးဖြည်းဖြည်းချင်းဖြီးပါ။ ဒီအဆင့်က ဆံပင်တွေရှုပ်နေတာ ၊ ငြိနေတာမျိုးကို ဖယ်ပေးတာကြောင့် အရေးကြီးပါတယ်။ ဖြီးတဲ့အခါ အပိုင်းငယ်လေးတွေခွဲပြီး အပိုင်းတစ်ခုစီကို တစ်ခုချင်း ဖြီးပါ။

အဆင့် 2 – လျှော်ပါ

Hair Extensions တွေကို စိုအောင် ကြက်သီးနွေးရေထဲ အရင်နှစ်လိုက်ပါ။ ပြီးမှ ခေါင်းလျှော်ရည်နဲ့သေချာလေး လျှော်ပေးပါ။ 3-5 မိနစ်လောက်လျှော်ပြီးရင် ကြက်သီးနွေးရေနဲ့ ပြန်လျှော်ပေးပါ။

အဆင့် 3 – Conditioner သုံးပါ

Conditioner က ဆံသားကို ပျော့ပျောင်းစေပြီး အစိုဓာတ်ထိန်းပေးရုံသာမက ဆံပင်ငြိတာ ၊ ရှုပ်တာကို သက်သာစေပါတယ်။ ဆံကေသာထဲကို စိမ့်ဝင်ပြီး ရေဓာတ်များများရဖို့ မိနစ်အနည်းငယ်လောက်ထားလိုက်ပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner အားလုံးကို သေချာပြောင်အောင် လျှော်ဖို့အရေးကြီးပါတယ်။

အဆင့် 4 – အခြောက်ခံပါ

ရေဆေးပြီးရင် ရေတွေကို အသာလေးညှစ်ထုတ်ပြီး နူးညံ့တဲ့ မျက်နှာသုတ်ပုဝါနဲ့ ခြောက်အောင်သုတ်ပါ။ သေချာခြောက်အောင် လေနဲ့အခြောက်ခံတာက အကောင်းဆုံးဖြစ်ပေမယ့် အလျင်လိုရင်တော့ Dryer နဲ့ အခြောက်ခံပါ။ လေမှုတ်ပြီး အခြောက်ခံတဲ့အခါ အအေး သို့မဟုတ် အလယ်အလတ် အပူကို ရွေးပါ ။ ပူလွန်းရင် ဆံသားတွေကြွပ်ဆက်ပြီး ခြောက်သွားနိုင်တာမလို့ပါ။

အဆင့် 5 – သိမ်းပါ

ဆံပင်တွေ လုံးဝခြောက်သွားပြီဆိုရင်တော့ သေချာသိမ်းဖို့အရေးပါတယ်။ ဒါမှ Hair Extensions တွေရဲ့ သက်တမ်းနဲ့ ပုံစံမပျက်ဘဲ ကြာကြာခံမှာပါ ။