Bubble Mask တွေက အရေပြားကို သန့်စင်စေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့အပြင် ဆဲလ်တွေကို ပြန်လည်နုပျိုစေတာကြောင့် သင့်အသားအရေက မွဲခြောက်နေတယ်လို့ ခံစားမိနေရင် Bubble Mask ကို စမ်းကြည့်ဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်လိုသုံးမလဲ ?

မျက်နှာသစ်ပါ

နူးညံ့တဲ့မျက်နှာသစ်ဆေးကိုသုံးပြီး မျက်နှာသစ်ပေးပါ။ ချွေးပေါက်တွေပွင့်လာအောင် ရေနွေးနဲ့သစ်ပြီးရင် ခြောက်အောင်သုတ်ပါ။

Bubble Face Mask လိမ်းပါ

Bubble Sheet Mask သုံးမယ်ဆိုရင် အရင်ဆုံး Mask ကိုထုတ်ပြီး မျက်နှာပေါ် ဖြည်းဖြည်းချင်း လိမ်းပေးပါ။ 10 မိနစ် 15 မိနစ်လောက် ဒါမှမဟုတ် အထုပ်ပေါ်က ညွှန်ထားတဲ့အတိုင်း ထားပေးပါ။ ကပ်တဲ့အခါ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တစ်ဝိုက်က နေရာတွေကို ရှောင်ပါ။ Cream Bubble Face Mask သုံးမယ်ဆို မသုံးခင် လက်ကိုသေချာဆေးပါ။ ညီအောင်ဖြန့်နိုင်ဖို့ Spatula ကိုသုံးပါ။

Bubble ဖြစ်လာအောင် စောင့်ပါ

တဖြည်းဖြည်းလေး ပူဖောင်းလေးတွေဖြစ်လာတာကို စောင့်ပါ။ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ထားပါ။ အကြာကြီးထားရင် အသားအရေကိုခြောက်စေတာကြောင့် မိနစ် 20 ထက်ပိုပြီး မထားပါနဲ့။

Mask ကို ဖယ်ပါ

သက်မှတ်ထားတဲ့အချိန်ရောက်ပြီဆိုရင် Mask ကို ဖယ်လိုက်ပါ။ ပြီးရင် မျက်နှာကိုဖြည်းဖြည်းချင်း နှိပ်ပေးပါ။ ဒီလိုနှိပ်ပေးတာကလည်း မျက်နှာကြွက်သားတွေကို ပြေလျော့စေပါတယ်။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

Serum သို့မဟုတ် Moisturizer လိမ်းပေးပါ

နောက်ဆုံးမှာတော့ နူးညံ့ပြီးစိုပြေတဲ့အသားအရေရဖို့ Serum သို့မဟုတ် Moisturizer လိမ်းပေးပါ။