ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဓာတ်ပုံတစ်ခါရိုက်တိုင်း ပို့စ်တွေထပ်နေတာမျိုး မဖြစ်အောင် ပို့စ်အိုင်ဒီယာအမျိုးမျိုးကို မျှဝေပေးနေကျဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အထာကျကျလေးနဲ့ လှနေစေမယ့် လွယ်ကူသော ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ထိုင်ခုံမှာ ထိုင်ရိုက်မယ်ဆိုရင် အအေးခွက်ကို ပုံထဲကအတိုင်းကိုင်ပြီး ခြေထောက်ချိတ်ထိုင်ပါ။ မျက်နှာထားကို ခပ်ချေချေပုံစံလေးလုပ်ပါ။

နောက်တစ်မျိုးအနေနဲ့ ခြေထောက်ချိတ်ပြီး လက်တစ်ဖက်ကို အောက်ချ၊ နောက်လက်တစ်ဖက်က နဖူးရှေ့ကိုထားပြီး မျက်နှာကို တည်တည်လေးထားပြီး ပို့စ်ပေးပါ။

ဆိုဖာလို ထိုင်ခုံအနိမ့်လေးတွေမှာ ထိုင်ပြီးရိုက်မယ်ဆိုရင်တော့ ခြေထောက်ချိတ်ပြီး ပုံထဲကအတိုင်းလေး ထိုင်ပါ။ မျက်နှာကိုတည်တည်ထားပြီး နှုတ်ခမ်းကိုဆူသလိုလေး လုပ်ထားကြည့်ပါ။

မျက်နှာထားကို သိပ်ပြီးမလုပ်တတ်ဘူးဆိုလည်း မပူပါနဲ့။ ပုံထဲကအတိုင်း ခြေထောက်ချိတ်ထိုင်ပြီး မျက်လွှာကိုအောက်ချပြီး ခပ်တည်တည်သာနေပါ။

Snap ကိုမှ အချေပုံစံလေးလိုချင်ရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ လက်ထဲမှာ အအေးဘူးနဲ့ ဖုန်းကိုင်ထားရင် ရပါပြီ။

ထိုင်ရိုက်တဲ့အခါမှာ တစ်ကိုယ်လုံးပါအောင်ရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ြံပီး တစ်ဖက်ကို ကြည့်နေတဲ့ပုံလေး ပို့စ်ပေးကြည့်ပါ။

ခြေထောက်ချိတ်ပြီး လက်အနေအထားကို ပုံထဲကအတိုင်းလေး လုပ်ထားပါ။ ခေါင်းကို နည်းနည်းငုံ့ပြီး မျက်နှာက ကင်မရာကို တည့်တည့်ကြည့်ပြီး တည်နေပါ။

ကိုယ်ဝတ်ထားတဲ့ ဘောင်းဘီက အိတ်ကပ်ပါရင် လက်နှစ်ဖက်ထည့်ထားပြီး ခေါင်းလေးနည်းနည်းစောင်း၊ အချေမျက်နှာထားလေးနဲ့ ကင်မရာကို ကြည့်နေပါ။

ထိုင်ပြီးရိုက်မယ်ဆိုရင်တော့ ခြေထောက်ချိတ်ထားပါ။ ပြီးရင် ပုံထဲကအတိုင်း ခေါင်းစောင်းပြီး လက်လေးနဲ့ထောက်ကာ ကင်မရာကိုကြည့်နေပါ။ မျက်နှာထားကို တည်တည်လေးပဲထားပါ။

ခြေထောက်တစ်ဖက်ကို အရှေ့နည်းနည်းထုတ်ပြီး လက်တစ်ဖက်က ဖုန်းကိုကိုင်ထားပြီး နည်းနည်းကား၊ နောက်လက်တစ်ဖက်က မေးစိနားကိုထားပြီး မျက်နှာကို တည်တည်ထားပါ။ မျက်လုံးက ဘေးကိုကြည့်နေသလိုလေး လုပ်ကြည့်ပါ။

Photo source:www.pinterest.com