ဝက်ခြံက မျက်နှာမှာပဲပေါက်တာမဟုတ်ပါဘူး။ အခန့်မသင့်ရင် ချွေးနဲ့ အညစ်အကြေးတွေနဲ့ ရောပြီးတော့ပဲဖြစ်ဖြစ်၊ ဘတ်တီးရီးယားကြောင့်ပဲဖြစ်ဖြစ် ကျောကုန်းနဲ့ တင်ပါးမှာလည်း ပေါက်ပါတယ်။ ဒီတစ်ခါမှာတော့ တင်ပါးမှာပေါက်တဲ့ ဝက်ခြံကို အလွယ်တကူ ပျောက်အောင်လုပ်လို့ရတဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
ဆားရည်
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေး – ၂ ခွက်စာနဲ့ ရောမွှေလိုက်ပြီး သန့်ရှင်းတဲ့အဝတ်ကို ထည့်စိမ်လိုက်ပါ။ ပြီးရင် အဲ့အဝတ်ကို တင်ပါးမှာပေါက်တဲ့ ဝက်ခြံပေါ်ပွတ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ် ပုံမှန်လုပ်ပေးရင် သက်သာပြီးပျောက်စေပါတယ်။
Tea Tree Oil
Tea Tree Oil – ၃ စက်ကို သံလွင်ဆီ (သို့) အုးန်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီးတော့ ဝက်ခြံပေါ်ကို လိမ်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ ဝက်ခြံပျောက်စေပါတယ်။
သံပယိုရည်
သံပယိုရည်ကို ဂွမ်းလုံးလေးနဲ့တို့ယူပြီး ဝက်ခြံကို ပွတ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေကြက်သီးနွေးနဲ့ သန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေ သက်သာပျောက်ကင်းသွားမှာပါ။
ရေခဲကပ်ခြင်း
ဝက်ခြံပေါ်ကို ရေခဲကပ်ပေးတာက အလွယ်ကူဆုံး နည်းလမ်းနဲ့ အလုပ်ရှုပ်တာ အသက်သာဆုံး ဖြစ်မှာပါ။ တစ်နေ့ကို ၃ ကြိမ်စီ တစ်ခါကပ်ရင် ၁၅ မိနစ်လောက် ကပ်ထားပေးရုံနဲ့ ဝက်ခြံတွေ သက်သာပျောက်ကင်းစေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို အခွံခွာ ကြိတ်ပြီးတော့ ဝက်ခြံပေါ်ကို အုံထားပေးပါ။ မိနစ် ၃၀ မှ မိနစ် ၅၀ အထိ ကိုယ်အဆင်ပြေသလောက် ထားပေးပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ သန့်စင်ပေးပါ။ နေ့တိုင်းလုပ်ပေးရင် ဝက်ခြံတွေ သက်သာပျောက်ကင်းစေပါတယ်။