Hello..MyStyle Myanmar ပရိသတ်ကြီးရေ…မင်္ဂလာပါနော်။ ဒီနေ့မှာတော့ ဒူးဆစ်၊ တဒေါင်ဆစ်တွေ ညိုမဲပြီး မလှမပဖြစ်နေလို့ စိတ်ညစ်နေသူတွေအတွက် ထိရောက်လွယ်ကူတဲ့ သဘာဝနည်းလမ်းကောင်းလေးကို ပြောပြပေးချင်ပါတယ်နော်။

ဒူးထောက်ပြီးခဏခဏထိုင်မိတာတွေ လက်ကို ခဏခဏထောက်မိတာတွေကြောင့် အခုလိုမျိုး ဒူးဆစ် တဒေါင်ဆစ်တွေ တဖြည်းဖြည်းနဲ့ ညိုမဲလာတာပဲ့ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလိုမျိုး ကြမ်းပြင်မှာပဲ့ ဖြစ်ဖြစ် စားပွဲခုံမှာပဲ့ဖြစ်ဖြစ် ခဏခဏထောက်ခြင်းကိုလည်း သတိထားရှောင်ကြဉ်ပေးပါ။ ပြီးတော့ ဒီသဘာဝနည်းလမ်းလေးကိုပါ လိုက်လုပ်ပေးမယ်ဆိုရင်တော့ ဖြူဖွေးစိုပြေတဲ့ ဒူးဆစ် တဒေါင်ဆစ်လှလှလေးကို အမြန်ဆုံးပိုင်ဆိုင်နိုင်မှာပဲ့ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပယိုသီး တစ်ခြမ်းကို အရည်ညှစ်ပါ

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်ခုံးထဲ အတူတူ ရောထည့်လိုက်ပါ။ ပြီးသွားရင် မည်းညှစ်နေတဲ့ ဒူးဆစ်၊ တဒေါင်ဆစ်နားမှာလိမ်းပေးပြီး ညလုံးပေါက်ထားထားပါ။ မနက်ကျရင် ရေဆေးချလိုက်ပါ။

ပြီးရင် Moisturizer (သို့) အုန်းဆီလိမ်းပေးပြီး ခဏလောက်နှိပ်နယ်ပေးပါ။ ၁၀ ရက်ဆက်တိုက်လုပ်ပေးပါ။ သိသာထင်ရှားတဲ့ ရလဒ်ကောင်းကို မြင်တွေ့ခံစားရမှာပဲ့ ဖြစ်ပါတယ်။