အားလုံးပဲ မင်္ဂလာပါ။ အေးစိမ့်စိမ့်နဲ့ ခြောက်သွေ့လွန်းတဲ့ရာသီကြောင့် နှုတ်ခမ်းခြောက်တဲ့ပြဿနာနဲ့ ကြုံနေရတဲ့သူတွေအတွက် အကုန်အကျနည်းနည်းနဲ့ ပြန်လည်သက်သာစေမယ့် အိမ်တွင်းထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။ လွယ်ကူသက်သာတဲ့နည်းလေးတွေဖြစ်လို့ သေချာလေးလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်တာ၊ ကွဲတာသက်သာမယ့်အပြင် အစိုဓာတ်ပြည့်တဲ့ နှုတ်ခမ်းသားဖူးဖူးလေးကို ပိုင်ဆိုင်ရမှာပါ။

၁။ ရှားစောင်း Gel နဲ့ ပျားရည်


ရှားစောင်း Gel ကအသားအေးပြီး အစိုဓာတ်ဖြည့်ပေးလို့ နှုတ်ခမ်းခြောက်တဲ့သူတွေအတွက် အံကိုက်ပါပဲ။ ပျားရည်မှာပါတဲ့ Antioxidant ဓာတ်ကလည်း နှုတ်ခမ်းကွဲဒဏ်ရာတွေကို သက်သာစေပြီး ဆဲလ်သေတွေဖယ်ရှားပေးနိုင်တာမို့ သဘာဝပျားရည်နဲ့ ရှားစောင်းတို့ကို နှုတ်ခမ်းခြောက်တဲ့အချိန် လိမ်းတာမျိုး လုပ်ပေးပါ။

၂။ ထောပတ်သီးဆီ


ထောပတ်သီးဆီကို နှုတ်ခမ်း Moisturizer အနေနဲ့ပါ သုံးလို့ရတာကို သိပြီးပြီလား။ သူ့မှာပါတဲ့အာနိသင်က အရေပြားဆဲလ်တွေကို အသစ်ဖြစ်စေပြီး နှုတ်ခမ်းသားရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ Sensitive Skin တွနဲ့လည်း တည့်တာမို့ မကြာခဏ နှုတ်ခမ်းကွဲတတ်သူတွေသုံးလို့ အဆင်ပြေမှာပါ။

၃။ သခွားသီးစိတ်


ရေဓာတ်ပေးတဲ့နေရာမှာ သခွားသီးကအရမ်းအသုံးဝင်ပါတယ်။ သခွာသီးစိတ်လေးတွေကို နှုတ်ခမ်းမှာပွတ်ပြီး ၁၀ မိနစ်လောက်ကပ်ထားတာမျိုး လုပ်ပေးပါ။ အရည်ကြိတ်ပြီး ပေါင်းတင်သလို လိမ်းတာမျိုးလည်း လုပ်နိုင်ပါတယ်။

၄။ Petroleum Jelly


Petroleum Jelly က ဈေးကွက်ထဲ ရှာရလွယ်ပြီး ဈေးလည်းသင့်တာမို့ လွယ်လွယ်ကူကူလိမ်းနိုင်တဲ့ ပစ္စည်းလေးပါ။ ဘယ်အချိန်မဆိုလိမ်းထားလို့ အဆင်ပြေတဲ့အပြင် အခြားအဆီတွေထက် နှုတ်ခမ်းသားထဲ အစိုဓာတ်စိမ့်ဝင်နေစေဖို့ကူညီပေးနိုင်ပါတယ်။

၅။ သကြားနဲ့ ပျားရည် Scrub


ဒီ Scrub လေးက နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုအိအိလေးဖြစ်စေတာမို့ Try ကြည့်သင့်ပါတယ်နော်။ ပျားရည်နဲ့ သကြားကို ဆတူရောပြီး နှုတ်ခမ်းကို ဖြေးဖြေးချင်း Scrub တိုက်ပေးပါ။ မိနစ်အနည်းငယ်ထားပြီး ရေပြန်ဆေးချလိုက်တာနဲ့ ပန်းရောင်သမ်းပြီး သန့်စင်တဲ့ နှုတ်ခမ်းသား ပြည့်ပြည့်လေးကို ပိုင်ဆိုင်စေပါလိမ့်မယ်။

Photo Source: Pinterest, brightside.me

By MyStyle Myanmar