အနီရောင်ကြိုက်တဲ့သူတွေအတွက် ဆိုင်သွားစရာမလိုပဲ ကိုယ်တိုင်အလွယ်တကူပုံဖော်လို့ရမယ့် လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာပဲ ကိုယ်တိုင်ပုံဖော်ဖို့ အရမ်းအဆင်ပြေတဲ့ easy nail designs တွေ ဖြစ်ပါတယ်။

လက်သည်းထိပ်လေးမှာပဲ အနီရောင်ဆိုးတာမျိုးက လက်သည်းအချွန်ထားတဲ့သူတွေနဲ့ဆို အရမ်းလိုက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းက အိမ်မှာ အလွယ်တကူပုံဖော်လို့ရတဲ့ ရိုးရိုးရှင်းရှင်း လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

ခုနကလို လက်သည်းထိပ်လေးမှာဆိုးပြီး ဒီလိုပန်းပွင့်လေးတွေလည်း ပုံဖော်လို့ရပါတယ်။ လုပ်ရတာလည်းလွယ်ပြီး လှလည်းလှတာကြောင့် ကိုယ်တိုင်ပုံဖော်ကြည့်သင့်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် လက်သည်းနီအနီရောင်ကိုဆိုးပြီး အောက်နားမှာမှ အဝိုက်လေးလုပ်ပြီး ရွှေရောင်နဲ့ပုံဖော်ထားတာဖြစ်လို့ အရမ်းလှပါတယ်။ အလွယ်တကူပုံဖော်လို့ရတဲ့ ဒီဇိုင်းလည်း ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် အနီရောင်လေးဆိုးပြီး အလယ်ကနေ ကိုယ်နှစ်သက်ရာ လက်သည်းနီအရောင်နဲ့ မျဉ်းဖြတ်ပုံစံလေး ဆွဲလိုက်ရုံပါပဲ။ အရမ်းလွယ်ပါတယ်။

လက်သည်းအားလုံးကို အနီရောင်လေးဆိုးပြီး လက်ညှိုး (သို့) လက်သန်းကြွယ်ကို အဖြူရောင်ဆိုးပြီး အမဲစက်လေးတွေ လိုက်ချထားတာပါ။ ပုံဖော်ရတာအရမ်းလွယ်ပြီး ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်း ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် Christmas theme ပုံစံလေးဖြစ်လို့ အရမ်းလှပါတယ်။ ကိုယ်တိုင်ပုံဖော်လို့လည်း အဆင်ပြေတဲ့ လက်သည်းဒီဇိုင်းဖြစ်ပါတယ်။

လက်သည်းအားလုံးကို အနီရောင်ဆိုးပြီး တစ်ချောင်းကိုတော့ အဖြူရောင်လေးဆိုးပါ။ ပြီးရင် အနီရောင်အသည်းပုံလေး ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ ပုံဖော်ရတာလည်း မခက်ခဲတဲ့အတွက် လူတိုင်းလုပ်လို့ အဆင်ပြေမှာပါ။

လက်သည်းနီအနီရောင်ဆိုးပြီး အဖြူစက်လေးတွေချထားတာပါ။ ပုံဖော်ရတာအရမ်းလွယ်ကူပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းဖြစ်ပါတယ်။

လက်သည်းနီအနီရောင်ဆိုးပြီး ရွှေရောင် (သို့) ငွေရောင် လက်သည်းနီလေးနဲ့ ပုံဖော်လို့ရပါတယ်။ အရမ်းလှပြီး ပုံဖော်ရတာလည်း လွယ်ကူပါတယ်။

လက်သည်းအရှည်ကြီးထားတဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်လို့ရပါတယ်။ အနီနဲ့အဖြူစပ်ထားတာဖြစ်လို့ ဖက်ရှင်ကျပြီး အရမ်းလှပါတယ်။

photo source:www.pinterest.com