ဓာတ်ပုံရိုက်တဲ့ အခါ ပုံလှလှလေး ရနိုင်ဖို့ ပို့စ်ပေးနည်းတွေက ကြိုလေ့ကျင့်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ပို့စ်ပေးနည်း အချို့က အိမ်မှာ လေ့ကျင့်ထားပေမယ့် ဓာတ်ပုံရိုက်ခါနီးကျမှ မေ့သွားတာတွေ ရှိပါတယ်။ ပုံမှန်နေနေကျ အတိုင်းပဲ ခဏခဏ ပို့စ်ပေးမိဖူးမှာပါ။ ဒီတစ်ခေါက် ပြောမယ့် ပို့စ်ပေးနည်းတွေကတော့ မှတ်ရ လွယ်ပြီးအလွယ်တကူ ပေးနိုင်မယ့် ပို့စ်ပေးနည်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ပို့စ်နံပါတ် ၁

သင့်လက်ကို အင်္ကျီပြင်ဝတ်နေတဲ့ ပုံစံလေး နေပေးရပါမယ်။ အင်္ကျီကို ပင့်တင်နေတာမျိုး၊ ဘောင်းဘီကို အပေါ် ဆွဲတင်တာမျိုး ပြုလုပ်သင့်ပါတယ်။ လက်ကို အငြိမ်မနေဘဲ အလုပ်ပေးထားတာက သင့်ပုံကို ပိုသဘာဝဆန်စေပါတယ်။

ပို့စ်နံပါတ် ၂

သင့်ခြေထောက်ကို အမှားလက္ခဏာပုံစံ ရှေ့နောက် ထားပေးကာ တစ်နေရာကို မှီပြီး နေပေးရပါမယ်။ ဒီလိုနေလိုက်တာက သင့်ကိုယ်နေဟန်ထားကို မှန်ကန်သွားစေသလို အရပ်ပိုရှည်တယ် ထင်ရစေပါတယ်။

ပို့စ်နံပါတ် ၃

ဒီပို့စ်ကတော့ အင်္ကျီလှလှလေး ဝတ်ထားသူ အတွက်ပါ။ ဒါ့အပြင် မျက်နှာမပြချင်သူ ပျိုမေတို့အတွက် သင့်တော်ပါတယ်​။ အဓိက ပြရမှာက သင့်ဆံပင်နဲ့ သင့် Outfit ပါ။ နောက်လှည့်ပြီး ရှုခင်းကြည့်နေတဲ့ ပုံစံပါ​။

ပို့စ်နံပါတ် ၄

လက်ပိုက်ပြီး အဝေးကို ကြည့်တဲ့ပို့စ်ကလည်း သင့်အတွက် လုပ်ရ လွယ်ကူစေမှာပါ​။

ပို့စ်နံပါတ် ၅

ခြေထောက်တစ်ဘက်ကို ဒူးကွေးကာ အပေါ်အနည်းငယ်မြှောက်ထားလိုက်တာက သင့်ပုံကို Snapshot အမှတ်မထင်ရိုက်လိုက်သလို ပုံစံမျိုး ပိုင်ဆိုင်စေပါလိမ့်မယ်။

ပို့စ်နံပါတ် ၆

အိတ်ထဲမှာ လက်ထည့်ထားလိုက်တာက လက်ကို ဘယ်နားထားရမလဲ မသိတဲ့ ပျိုမေတို့အတွက် အဆင်ပြေပါတယ်။

ပို့စ်နံပါတ် ၇

ခုံပေါ်မှာထိုင်ပြီး အဝေးတစ်နေရာကြည့်နေတဲ့ ပို့စ်မျိုးက ခန္ဓာကိုယ်အချိုးအစား မပြချင်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေမှာပါ။

ပို့စ်နံပါတ် ၈

လက်ကို ဘေးဘက်ကားထားလိုက်တာက ချစ်စရာကောင်းတဲ့ မိန်းကလေးပုံစံ ရစေပါတယ်။ ကိုယ့် Outfit ကို ပြချင်တဲ့ ပျိုမေတို့အတွက်လည်း အဆင်ပြေပါတယ်။

ပို့စ်နံပါတ် ၉

ခြေထောက်ကို အပေါ်မြှောက်ထားတာက အူကြောင်ကြောင် နိုင်နေ နိုင်ပေမယ့် သင့်အတွက် ပို့စ်ပေးရကျိုးနပ်မှာပါ။

ပို့စ်နံပါတ် ၁၀

နောက်ဆုံးပို့စ်ကတော့ ပစ္စည်း တစ်ခုခုကို ကိုင်ထားပြီး ဒါကို ငုံ့ကြည့်နေတဲ့ပို့စ်ပါ။ မပြုံးချင်တဲ့ မိန်းကလေးတွေနဲ့အဆင်ပြေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar