အနီးကပ်ပုံလေးတွေရိုက်တဲ့အခါမှာ ချစ်ဖို့ကောင်းနေစေမယ့် လွယ်ကူသော ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အနီးကပ်ဆိုတော့ မျက်နှာလေးလည်း ပိုပေါ်လွင်ပြီး ချစ်ဖို့ကောင်းနေမှာပါ။ လွယ်ကူတဲ့ပို့စ်ပေးနည်းတွေဖြစ်လို့ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ။

နံရံမှာမှီပြီး ဓာတ်ပုံရိုက်တဲ့အခါ ဒီပို့စ်လေးက ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

မျက်နှာအနီးကပ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ပုံလေးရလာစေမယ့် ပို့စ်ပေးနည်းလေးပါ။ Cuttie ပုံစံလေးရိုက်ချင်ရင် ဒီလိုလေးပို့စ်ပေးကြည့်နော်။

ခုံလေးတွေထိုင်ရိုက်တဲ့အခါ ကင်မရာကိုမကြည့်ချင်ရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ ချစ်ဖို့လည်းကောင်းသလို လုပ်ရတာလည်း လွယ်ကူပါတယ်။

မေးထောက်ပို့စ်လေးတွေက ကောင်မလေးတွေအတွက် အလွယ်ကူဆုံးသောပို့စ် ဖြစ်မှာပါ။ ဒါ့အပြင် မိန်းကလေးဆန်ဆန်နဲ့လည်း ချစ်ဖို့ကောင်းစေပါတယ်။

ဒီပို့စ်လေးဆိုလည်း လွယ်ကူတဲ့ပို့စ်လေးဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

ခုံလေးမှာမှီရပ်ပြီး ဒီလိုလေးပို့စ်ပေးတာလည်း ချစ်ဖို့ကောင်းပါတယ်။ လွယ်ကူတဲ့ပို့စ်လေးဖြစ်လို့ လူတိုင်းအတွက် အဆင်ပြေစေမှာပါ။

လက်နှစ်ဖက်ကို ဘောင်းဘီအိပ်ကပ်နားထားပြီး မျက်နှာထားကို ပြုံးတာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းဆူတာပဲဖြစ်ဖြစ် လုပ်ပြီးတော့ ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ဒီပို့စ်လေးက ရိုးရှင်းလွယ်ကူတဲ့အပြင် Lightening ကောင်းရင်ကောင်းသလို လှပတဲ့ပုံကောင်းလေး ရလာစေမှာပါ။

သစ်ပင်အောက်လေးတွေမှာရိုက်တဲ့အခါ အပေါ်ကိုမော့ကြည့်နေတဲ့ပုံစံ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ကင်မရာမကြည့်ချင်တဲ့အခါမှာလည်း ဒီလိုပို့စ်လေးတွေက အရမ်းအဆင်ပြေပါတယ်။

အရမ်းလွယ်ကူတဲ့ပို့စ်ပေးနည်းလေးဖြစ်သလို Snap ပုံစံလေးလည်း ဖြစ်နေစေမယ့် ပို့စ်ပေးနည်းလေးပါ။ ဒီလိုလေးလည်း ရိုက်ကြည့်နော်။