ဓာတ်ပုံရိုက်တဲ့အခါ တစ်ခါတစ်လေကျရင် အဝေးကပုံတွေ၊ တစ်ကိုယ်လုံးပုံတွေထက် အနီးကပ်ပုံလေးတွေ၊ ကိုယ်တစ်ပိုင်းပုံလေးတွေ ရိုက်တာက ပိုပြီးတော့လှပါတယ်။ လူကောင်သေးတဲ့သူတွေ၊ အရပ်ပုတဲ့သူတွေဆိုလည်း ကိုယ်တစ်ပိုင်းပုံလေးတွေ၊ အနီးကပ်ပုံလေးတွေရိုက်ရင် လူကောင်ကြီးသလိုဖြစ်ပြီး ကြည့်လို့ပိုကောင်းပါတယ်။ ဒါကြောင့် အနီးကပ်ပုံလေးတွေရိုက်တဲ့အခါမှာ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီပို့စ်ပေးနည်းလေးတွေအားလုံးက အရမ်းလွယ်တာကြောင့် လူတိုင်းလုပ်တတ်မှာပါ။

ထွေထွေထူးထူးပို့စ်မပေးတတ်ရင် ဒီလိုဆံပင်သပ်ပြီး ကင်မရာကိုကြည့်နေတဲ့ပုံလေးပဲ ပို့စ်ပေးကြည့်ပါ။ Portrait ပဲရိုက်ရိုက်၊ ရိုးရိုးအနီးကပ်ပဲရိုက်ရိုက် လှပါတယ်။

ကင်မရာကို နောက်ပြန်လှည့်ကြည့်တဲ့ပုံလေးရိုက်ရင်လည်း လှပါတယ်။ လက်ကဘယ်လိုထားရမှန်းမသိရင် အအေးဘူးသာ ကိုင်ထားလိုက်ပါ။

ကင်မရာကို နောက်ပြန်လှည့်ကြည့်တဲ့ပုံဆိုရင် ဒီလိုလေးလည်း ရိုက်လို့ရပါတယ်။ Portrait အနီးကပ်လေးရိုက်ရင် ပိုပြီးတော့လှပါတယ်။

ပို့စ်သိပ်မပေးတတ်ရင် ရိုးရိုးလေး သစ်ပင်ကိုမှီနေတဲ့ပုံလေးသာ လုပ်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။ Portrait ရိုက်ရင်တော့ ပိုပြီးလှမှာပါ။

ကိုယ်တစ်ပိုင်းပုံ အနီးကပ်လေးရိုက်တဲ့အခါ ပို့စ်သိပ်မပေးတတ်ရင် ဒီလိုမျိုးလေး အောက်ကိုကြည့်ပြီး ဆံပင်သပ်နေတဲ့ပုံလေးသာ ရိုက်ကြည့်ပါ။

ကော်ဖီဆိုင်လေးတွေမှာပဲဖြစ်ဖြစ်၊ သစ်ပင်လေးတွေအရှေ့မှာပဲဖြစ်ဖြစ် ဒီလိုမျိုးပို့စ်ပေးပြီး ဘေးကနေ အနီးကပ်လေးရိုက်ကြည့်ပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

နောက်လှည့်ကြည့်နေတဲ့ပုံကိုမှ အဆွေးပုံစံလေးဖြစ်အောင် ရိုက်ချင်ရင် ဒီလိုမျိုးလေး ပို့စ်ပေးကြည့်ပါ။ ရိုက်ပေးတဲ့သူက ကင်မရာကို အောက်ကနေ နည်းနည်းပင့်ပြီးရိုက်ပေးပါ။

ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပန်းပင်လေးတွေ၊ သစ်ပင်လေးတွေကြားမှာပဲဖြစ်ဖြစ် စာအုပ်လေးကိုင်ပြီး ဒီလိုမျိုးထိုင်ပြီးပို့စ်ပေးကြည့်ပါ။ Location သာလှရင် အရမ်းလှတဲ့ပုံကောင်းတစ်ပုံ ဖြစ်စေပါတယ်။

Portrait အနီးကပ်ရိုက်မယ်ဆိုရင် ထွေထွေထူးထူး ပို့စ်ပေးနေစရာမလိုအောင် ဒီလိုမျိုးလေး ရိုက်ကြည့်ပါ။ အိမ်နေရင်းဖက်ရှင်နဲ့တောင် လှနေပါလိမ့်မယ်။

Photo source: www.pinterest.com