Makeup ကို အများကြီးပြင်ဆင်ထားရတာမျိုး မကြိုက်ဘူးဆိုတဲ့ ညိုချောလေးတွေအတွက် ဒီတစ်ခါမှာတော့ အခုမှ makeup စပြင်မယ့် beginner တွေအတွက်ပါ အဆင်ပြေအောင် လွယ်ကူတဲ့ “No Makeup” makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။
“No Makeup” look ပြင်မယ်ဆိုရင် အောက်ခံ skin လေးကောင်းနေတာ ပိုအဆင်ပြေပါတယ်။ ဒါကြောင့် makeup မလိမ်းခင်မှာ skincare ကိုသာ သေချာလိမ်းပေးပါ။
Skincare သေချာလိမ်းပြီးပြီဆိုရင် primer လိမ်းပါ။ ပြီးရင် concealer နဲ့ အမဲစက်တွေ၊ အသားအရောင်မညီတဲ့ နေရာတွေကို ဖုံးပါမယ်။ Foundation မလိမ်းတဲ့အတွက် concealer လိမ်းပြီးရင် makeup sponge နဲ့ blend လုပ်ပါမယ်။
Natural look လေးရဖို့အတွက် ပါးနီကို cream type ပန်းရောင်သမ်းတာလေး သုံးပါမယ်။
အညိုရောင် eyeshadow (သို့) contouring palette နဲ့ နှာတံဖော်ပါမယ်။
အညိုရောင် eyeshadow နဲ့ မျက်လုံးထောင့်နားကို ပါးပါးလေးခြယ်ပါမယ်။ မျက်ခွံတစ်ပြင်လုံးကို မခြယ်ပါဘူး။
Mascara နဲ့ မျက်တောင်ကော့ပါမယ်။ မျက်လုံးကို ဘာမှသိပ်မပြင်ထားတဲ့အတွက် မျက်တောင်ကို သေချာလေးကော့ပေးပါ။ အောက်မျက်တောင်ကိုလည်း ကော့ဖို့မမေ့ပါနဲ့။ မျက်တောင်ပိုရှည်ချင်တဲ့သူဆိုရင် မျက်တောင်တုတပ်ပေးလို့ရပါတယ်။
နှုတ်ခမ်းနီကို lip gloss (သို့) lip balm ပဲ ဆိုးပါမယ်။ အရောင်မပါတာပဲဖြစ်ဖြစ်၊ ပန်းရောင်ပြေးတာလေးပဲဖြစ်ဖြစ် ဆိုးပေးပါ။
Liquid highlighter (သို့) အဆင်ပြေတဲ့ highlighter တစ်ခုခုသုံးပေးပါ။ နှာတံ၊ အပေါ်နှုတ်ခမ်းရဲ့အထက်နား၊ ပါးရိုးနေရာတွေကို လိမ်းပေးပါ။
ပြီးရင်တော့ powder ကို brush နဲ့ယူပြီး ခါချပါ။ ပြီးတော့မှ မျက်နှာကို ပွတ်လိမ်းလိုက်ပါ။ မလိမ်းချင်လည်း ဒီ step ကို ကျော်လိုက်လို့ရပါတယ်။
ဒါဆိုရင်တော့ ညိုချောလေးတွေအတွက် ပြင်ဆင်ရတာလွယ်ကူပြီး ရှင်းရှင်းလေးနဲ့လှတဲ့ “No Makeup” makeup look လေးကို ရရှိသွားပါပြီ။