မင်္ဂလာပါ… ပျိုမဒီတို့ရေ… လက်သည်းလှလှလေးတွေဆိုတာ မိန်းကလေးတိုင်း လိုချင်ကြတာပါ။ ဒီ့အတွက် သတင်းကောင်းကတော့ လက်သည်းလှလှလေးတွေရဖို့အတွက် အလှပြင်ဆိုင်မှာ ရက်ချိန်းယူစရာမလိုပါဘူး။ အိမ်မှာတင်ဘဲ လက်သည်းထိန်းသိမ်းနည်းတွေကို ပုံမှန်လိုက်နာရုံနဲ့ ကျန်းမာပြီး လှပတဲ့လက်သည်းတွေကို ရနိုင်ပါတယ်။

ပုံမှန်ညှပ်ပေးပါ

လက်သည်းအရှည်အတွက်ကြောင့် လက်သည်းကျန်းမာရေးကို အလျှော့မပေးပါနဲ့။ လက်သည်းတွေကို အပတ်တိုင်း ပုံမှန်ညှပ်ပေးပါ။ ညှပ်တဲ့အခါ အသားထဲထိရောက်အောင် မညှပ်ပါနဲ့။

Filing လုပ်ပေးပါ

လက်သည်းတွေကို Filing လုပ်ပေးတာက လက်သည်းတွေကို လှပပြီး ပြောင်လက်နေစေရုံသာမက ကျန်းမာစေပါတယ်။

လက်သည်းပန်းခုံးတွေကို မဖယ်ပါနဲ့

အရေပြားကို အကာအကွယ်အလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးထားတဲ့ လက်သည်းပန်းခုံးတွေကို ဖယ်တာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်တစ်ခုပါ။ လက်သည်းပန်းခုံးတွေကိုဖယ်ရင် လက်သည်းရဲ့ သဘာဝ အကာအကွယ်ကို ဆုံးရှုံးစေပါတယ်။

ပြင်းလွန်းတဲ့ Chemicals

လက်သည်းဆိုးဆေးတွေမှာ Acetone၊ Methyl Ethyl Ketone တို့လို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ဒီအဆိပ်အတောက် အစိတ်အပိုင်းတွေက လက်သည်းတွေကို ရေရှည်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းကိုအမြဲမဆိုးဘဲ လက်သည်းတွေ ရှင်သန်ကြီးထွားလာစေဖို့ ရက်နည်းနည်းလောက် သဘာဝအတိုင်းထားပေးပါ။

မကိုက်ပါနဲ့

လက်သည်းကိုက်တတ်တဲ့ ငယ်ဘဝအလေ့အကျင့်တွေက လက်သည်းတွေကို ပျက်စီးစေပါတယ်။ ဒီအကျင့်ကို စွန့်လွှတ်ပြီး လှပတဲ့၊ ရှည်လျားပြီး ကျန်းမာတဲ့ လက်သည်းတွေကို ရရှိဖို့ လက်သည်းတွေကို သဘာဝအတိုင်းထားပေးပါ။

Moisturize

အသားအရေလိုဘဲ လက်သည်းတွေကလည်း အစိုဓာတ်ကို လိုအပ်ပါတယ်။ အိပ်ရာမဝင်ခင်မှာ အရည်အသွေးကောင်းတဲ့ Cuticle Cream (သို့) Petroleum Jelly ကို လိမ်းပေးတာက လက်သည်းမှာရှိတဲ့ အစိုဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

Dark Nail Polish

လက်သည်းကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် လက်သည်းနဲ့ ထိတွေ့မိတာတွေကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ Dark Nail Polish တွေက လက်သည်းပေါ်မှာ အနက်ရောင်အစွန်းအထင်းတွေ ကျန်ခဲ့နိုင်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တာတော့ သေချာပါတယ်။

သန့်ရှင်းခြောက်သွေ့အောင်ထားပါ

လက်သည်းကို တတ်နိုင်သမျှ သန့်ရှင်းအောင်ထားတဲ့ အလေ့အကျင့်ကို ပြုလုပ်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ထိန်းသိမ်းတာက ကျန်းမာ၊ သန်မာပြီး ကြည့်ကောင်းတဲ့လက်သည်းတွေကို ရရှိစေပါတယ်။ လက်သည်းတွေကို ဘက်တီးရီးယား သို့မဟုတ် မှိုရန်ကနေ ကာကွယ်ဖို့ လက်ဆေးပြီးတိုင်း ခြောက်အောင်သုတ်ပါ။