အခုမှစပြီး ကိုယ်တိုင် လက်သည်းပုံဖော်မယ့်သူတွေအတွက် အလွယ်ကူဆုံး လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိမ်မှာပဲ အပျင်းပြေလုပ်လို့ရမယ့် လက်သည်းဒီဇိုင်းတွေလည်း ဖြစ်တာကြောင့် လက်သည်းပုံဖော်ရတာကို ဝါသနာပါရင် စမ်းပြီးလုပ်ကြည့်သင့်ပါတယ်။

ဒီလက်သည်းဒီဇိုင်းကတော့ အရမ်းလွယ်ပါတယ်။ လက်သည်းထိပ်လေးမှာ တစ်ရောင်ဆိုးပေးရုံပါ။ တိပ်နဲ့ကပ်ပြီးတော့ ညီအောင်ဆိုးလို့ရပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ကိုယ်တိုင်ပုံဖော်ဖို့ အရမ်းလွယ်တာကြောင့် အခုမှစလုပ်မယ့်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဒီဇိုင်းလေးကလည်း ခေတ်ဆန်ပြီးလှတဲ့ပုံစံလေး ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် တိတ်ကိုသုံးပြီး အလွယ်တကူပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်း ဖြစ်ပါတယ်။ အရောင်နုတာလေးတွေသာ တွဲပြီးပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုလည်း တိတ်ကိုသုံးပြီး အလွယ်တကူပုံဖော်လို့ရပါတယ်။ ဒီဇိုင်းမျိုးစုံလုပ်ထားတာကြောင့် ဖက်ရှင်ကျပြီးမိုက်တဲ့ပုံစံလေး ဖြစ်စေပါတယ်။

လက်မငြိမ်လို့ ပုံဖော်ဖို့မလွယ်ဘူးဆိုတဲ့သူတွေဆိုရင်တော့ ဆိုင်တွေမှာ gel ဆိုးသလိုပဲ ဒီလိုလေးဆိုးကြည့်ပါ။ အရောင် ၂ ရောင်နဲ့ glitter လေး စပ်ဆိုးတာမျိုးဆို အရမ်းလှပါတယ်။

ချစ်ဖို့ကောင်းတဲ့ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အလွယ်ကူဆုံးဒီဇိုင်းလို့ ပြောလို့ရပါတယ်။ လက်သည်းပုံဖော်တဲ့ ပစ္စည်းတွေမရှိလည်း သွားကြားထိုးတံကိုသုံးပြီး အစက်ချပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်။

တိတ်ကိုသုံးပြီး ပုံဖော်လို့ရတဲ့ အလွယ်ကူဆုံး လက်သည်းဒီဇိုင်းတွေထဲက ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ ဒီလက်သည်းဒီဇိုင်းကို ပုံဖော်မယ်ဆိုရင် အရောင်နုတာလေးတွေကို ရွေးပြီးပုံဖော်တာက ပိုချစ်ဖို့ကောင်းပါတယ်။ အရောင်ရင့်တာဆိုရင်တော့ ကြက်သွေးရောင်၊ အနီရဲရဲနဲ့ အနက်ရောင်တွေက လှပါတယ်။

လက်သည်းကပ်တဲ့ အလှတိတ်လေးကိုသုံးပြီး ဒီလိုဒီဇိုင်းလေးလည်း ပုံဖော်လို့ရပါတယ်။ အရမ်းလွယ်ပြီး လှလည်းလှတာကြောင့် လက်သည်းပုံဖော်ရတာကို ဝါသနာပါရင် ဒီလက်သည်းဒီဇိုင်းလေးကို try ကြည့်သင့်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ သွားကြားထိုးတံနဲ့ အစက်လေးတွေ လိုက်ချပေးရုံပါပဲ။ လုပ်ရတာ အရမ်းလွယ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် တိတ်ကိုသုံးပြီး ပုံဖော်လို့ရသလို၊ လက်ငြိမ်ရင် ဒီတိုင်း ၂ ထပ်ဆိုးလိုက်လို့တောင် ရပါတယ်။ အခုမှစပြီး ကိုယ်တိုင် လက်သည်းပုံဖော်မယ့်သူတွေအတွက်တော့ လုပ်ရတာအရမ်းလွယ်ပါတယ်။

ကိုယ်ကြိုက်တဲ့ လက်သည်းနီအရောင်ကိုဆိုးပြီး အောက်နားလေးကနေဝိုက်ပြီး glitter ဘက်သွားတဲ့ လက်သည်းနီကို ထပ်ဆိုးပေးရုံပါပဲ။ လုပ်ရတာလွယ်ကူတဲ့ လက်သည်းဒီဇိုင်းဖြစ်ပါတယ်။

အနက်ရောင် (သို့) ကြက်သွေးရောင် matte type လက်သည်းနီဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းမျိုး ပုံဖော်ကြည့်ပါ။ လုပ်ရတာ အရမ်းလွယ်ပြီး လှလည်းလှပါတယ်။