MyStyle Myanmar က အလှပဂေးလေးတွေရေ…ဒီနေ့မှာတော့ မြင်သူတကာငေးမောရတဲ့အလှထဲမှာ ထူထဲနက်မှောင်လှပတဲ့ ဆံနွယ်လေးတွေကိုလည်း ချန်ထားလို့မရပါဘူးနော်။ ဒါ့အပြင် ကျန်းမာသန်စွမ်းတဲ့ဆံနွယ်လေးတွေကို မြန်မာအမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြတယ်ဆိုတာကိုလည်း သင်ငြင်းလို့မရပါဘူး။ ဒါပေမဲ့ အခုခေတ်က အလှအပဆိုင်ရာအလှကုန်ပစ္စည်းတွေ မှိုလိုပေါသလို အခန့်မသင့်ရင် သင့်ဆံနွယ်လေးတွေကိုပါ ထိခိုက်နိုင်စေပါတယ်။ Chemicalပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ ‌ဆံပင်ပေါင်းဆေးတွေ အများကြီးသုံးမိတဲ့အချိန်ကျရင် ပျိုမေလေးတွေရဲ့ ဆံပင်တွေကျွတ်တာမျိုးတွေ ဆံပင်ပါးတာတွေပြောင်တာတွေဖြစ်တတ်ပါတယ်။

ဒါကြောင့် Chemicalများတဲ့ခေါင်းလျှော်ရည် ဆံပင်ပေါင်းဆေးတို့ကြောင့် ဆံပင်ကျွတ်တာပဲ့ဖြစ်ဖြစ် စိတ်ဖိစီးမှုများပြီး ဆံပင်ကျွတ်ပြီး ဆံပင်ပါးလာတာတွေကို ဖြေရှင်းပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်နော်။ အလှအပကုန်ပစ္စည်းတွေ သုံးစရာမလိုဘဲ သဘာဝနည်းလမ်းနဲ့ ဖြေရှင်းနိုင်တဲ့အပြင် ဓါတုပစ္စည်းကင်းစင်ပြီး သဘာဝနည်းလမ်းလေးမို့ ဘေးဥပါဒ်မရှိတာကြောင့် လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

ပါဝင်ပစ္စည်းတွေကတော့ စာဖတ်သူတို့ မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေပဲ့ဖြစ်ပါတယ်။

သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

အုန်းနို့ ၁/၂ ခွက်

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းတွေအားလုံးကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ဦးရေပြားပေါ်လိမ်းပေးပြီး ဆံသားအမြစ်နားမှာ ညင်သာစွာ နှိပ်နယ်ပေးပါ။

Shower Cap (သို့) ကျွတ်ကျွတ်အိတ်ကို ခေါင်းပေါင်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပေးပါ။

ပြီးရင် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးသုံးပြီး ခေါင်းလျှော်လိုက်ပါ။ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးကိုလည်း သဘာဝပါဝင်ပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတာကိုပဲ့ သုံးပေးပါနော်။

Source: Brightside