မိန်းကလေးတိုင်းကတော့ ဆံသားပျော့ပြောင်းပြီး Healthy ဖြစ်တဲ့ ဆံကေသာကို လိုချင်ကြတာပါပဲ။ ဒီလိုဖြစ်ဖို့ဆိုတာလည်း ဆံပင်ကို Treatment တွေသေချာလုပ်၊ သေချာ Hair Care လုပ်နိုင်မှ အဆင်ပြေမှာပါ။ ဒါကြောင့် တကူးတကလည်း ဆိုင်သွားပြီး Treatment မလုပ်ချင်တဲ့သူတွေအတွက် ဆံသား ကြမ်းတမ်းပြီး ပျက်စီးနေတာတွေ သက်သာအောင် ဆံသားလှပလာအောင် အိမ်မှာပဲ အလွယ်တကူလုပ်လို့ရမယ့် Hair Mask လုပ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒိန်ချဉ်၊ သံလွင်ဆီနဲ့ Lavender Essential Oil

ဒိန်ချဉ် – ၁ ခွက်ကို သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး Lavender Essential Oil ကိုလည်း ၄ စက်လောက်ထည့်မွှေပါ။ ပြီးရင်တော့ ဆံသားအနှံ့ သေချာလိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ရည်နဲ့ သေချာလျှော်ပြီး Conditioner ထပ်သုံးပေးပါ။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် ဆံသားပျော့ပြောင်းစေပြီး ပျက်စီးတာတွေလည်း သက်သာစေပါတယ်။

ကြက်ဥ၊ သံလွင်ဆီ၊ ပျားရည်

ကြက်ဥ ၂ လုံးဖောက်ပြီး အနှစ်ကိုဖယ်ထုတ်ပါ။ အကာအရည်ကိုပဲ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် – အနည်းငယ်ထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ ဆံသားအနှံ့သေချာလိမ်းပေးပြီး Shower Cap နဲ့ မိနစ် ၂၀ အုပ်ထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ရည်နဲ့ သေချာလျှော်ပြီး Conditioner ထပ်သုံးပေးပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်လည်း တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။ ဆံသားပျက်စီးပြီး ကြမ်းတမ်းတာတွေ သက်သာစေပါတယ်။

သင်္ဘောသီးနဲ့ဒိန်ချဉ်

သင်္ဘောသီးကိုအခွံခွာပြီး ဒိန်ချဉ်နဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောချေပေးပါ။ ပြီးရင်တော့ ဆံသားနဲ့ဦးရေပြားအနှံ့ သေချာလိမ်းပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ရည်နဲ့လျှော်ပြီး Conditioner ထပ်သုံးပေးပါ။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရင် ဆံသားပျက်စီးပြီး ကြမ်းတမ်းတာတွေ သက်သာလာစေတဲ့အပြင်ဆံပင်လည်း အရှည်မြန်စေပါတယ်။

ငှက်ပျောသီးနဲ့ Lavender Essential Oil

ငှက်ပျောသီးတစ်လုံးကို ပန်းကန်ထဲထည့်ချေပြီး Lavender Essential Oil – ၂ စက်လောက်ထည့်ကာ ရောမွှေပေးပါ။ ပြီးရင်တော့ ဆံသားအနှံ့သေချာလိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ရည်နဲ့ သေချာလျှော်ပြီး Conditioner ထပ်သုံးပေးလိုက်ရုံပါပဲ။