ဟယ်လို..MyStyle Myanmarချစ်သူလေးတို့ရေ မဂ်လာပါနော်။ ဒီနေ့မှာတော့ ပျိုမေလေးတွေ စမတ်ကျကျလှပဖို့အတွက် မပါမဖြစ် ဖက်ရှင်တစ်ခုဖြစ်တဲ့ ဒေါက်ဖိနပ်တွေစီးတဲ့အခါမျိုးမှာဖိနပ်ပေါက်တာမျိုးတွေ ကြုံဖူးကြမှာပါနော်။ ဖိနပ်ပေါက်ရင် ခံရအရမ်းခက်ပါတယ်။ ကဲ…မိန်းကလေးတိုင်းလိုလိုကြုံတွေ့ကြရတဲ့ ဒီလိုဖိနပ်ပေါက်ထားတဲ့ ဒဏ်ရာကို အမြန်ဆုံးပျောက်ကင်းသက်သာအောင် ကုသနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ပျားရည်

ပျားရည်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်ပြီး ဂွမ်းဖတ်လေးနဲ့ ယူကာ ဖိနပ်ပေါက်ထားတဲ့ဒဏ်ရာနဲ့ ဘေးပတ်ပတ်လည်မှာ တို့ပြီးလိမ်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက် လုပ်ပေးလို့ရပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်ဂျယ်လ်ကို နည်းနည်းယူပြီး ဖိနပ်ပေါက်ထားတဲ့ ဒဏ်ရာမှာ ဖြေးဖြေးချင်းစီ ပွတ်လိမ်းပေးပါ။ နာရီဝက်လောက်ထားပြီးရင် ရေဆေးချလိုက်ပါ။ အမြန်ဆုံးပျောက်ကင်းချင်ရင်တော့ တစ်နေ့ကို ၃ ကြိမ်လုပ်ပေးပါနော်။

Petroleum Jelly

Petroleum Jelly ( Vaseline) ကို ဖိနပ်ပေါက်ထားတဲ့ နေရာမှာ လိမ်းထားပြီး ခြေအိတ်စွပ်အိပ်လိုက်ပါ။ မနက်ရောက်မှ ရေဆေးချလိုက်ရင် သက်သာသွားပါလိမ့်မယ်။