ရာသီဥတုအပြောင်းအလဲ ၊ နေရောင်ခြည်ထိတွေ့မှုနဲ့ နေ့စဉ် ကျွန်မတို့ ရဲ့ လူနေမှုပုံစံတွေကြောင့် လက်လေးတွေ ကြမ်းတမ်းလာပါတယ်။ ဒီလို မျိုး ကြမ်းတမ်းတဲ့ လက်လေးတွေကို ပြန်ပြီးနူးညံ့စိုပြေလာစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
သံလွင်ဆီနဲ့ သကြား
လွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ သံလွင်ဆီနဲ့ သကြားကို ဆတူရောပြီး လက်လေးကို ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ခဏထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ အဲဒီနောက် Moisturizer လိမ်းပေးထားပါ။
ကြက်ဥအနှစ်
ကြက်ဥအနှစ်က လက်လေးတွေကို နူးညံ့စေပါတယ်။ ကြက်ဥအနှစ် တစ်လုံး၊ အုန်းဆီအနည်းငယ်၊ ပျားရည်နည်းနည်း ထည့်လိုက်ပြီး မွှေလိုက်ပါ။ ပြီးရင် လက်နားမှာ ၁၀ မိနစ်လောက်လိမ်းပေးထားပါ။ အဲဒီနောက် ရေနွေးလေးနဲ့ဆေးချပေးလိုက်ပါ။ ပြီးရင် Moisturizer လိမ်းပေးထားလိုက်ပါ။
ရေများများသောက်ပါ
ရေများများသောက်တာဟာ သင့်ရဲ့ လက်အတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးကို စိုပြေစေပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်အနည်းဆုံးသောက်ပေးပါ။
ပျားရည်
သင့်ရဲ့ လက်လေးတွေ နူးညံ့စိုပြေဖို့အတွက် ညအိပ်ယာမဝင်ခင်မှာ လက်ကို ပျားရည်နဲ့ သံပရာရည်ရောပြီး လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ် အနည်းငယ်ပွတ်ပေးပြီး ခဏထားထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။ ပြီးသွားရင်တော့ Moisturizer လိမ်းပေးလိုက်ပါ။