သင်က မအားတာကြောင့်ပဲဖြစ်ဖြစ်၊ ရာသီကြောင့် ခေါင်းမလျှော်နိုင်တာပဲ ဖြစ်ဖြစ် ခေါင်းမလျှော်ထားတဲ့အခါ ပူအိုက်အိုက်ကြီးနဲ့ စိတ်ကသိကအောက် ဖြစ်တတ်ပါတယ်။ ခေါင်းမလျှော်ထားရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် လူတွေက ကိုယ့်အနားကပ်တဲ့အခါ ကိုယ့်ခေါင်းက ချွေးနံ့ များ ထွက်နေမလား စိတ်မလုံမလဲ ဖြစ်တတ်ပါတယ်။ ဆံပင်ချထားတာကို ခေါင်းမလျှော်ထားတဲ့အချိန် မလုပ်ချင်ဆုံးပါပဲ။ ဒီတစ်ခေါက်မှာတော့ အကြောင်းကြောင်းကြောင့် ခေါင်းမလျှော်ဖြစ်တဲ့ ပျိုမေတို့အတွက် အလွယ်တကူ လုပ်နိုင်တဲ့ ဆံပင်ပုံစံတွေကို ဖော်ပြပါရစေ။
၁။ ဆံထုံး
ဆံထုံးကတော့ ခေါင်းမလျှော်တဲ့အချိန် အသင့်တော်ဆုံးပါပဲ။ အနံ့ထွက်တဲ့ နေရာကို ဆံပင်စုပြီး ဆံထုံးထုံးလိုက်တာက သင့်ကို ပုံစံပြောင်းသွားစေသလို ခေါင်းမလျှော်ထားမှန်း မသိသာတော့ပါဘူး။
၂။ ဆံပင်အမြင့်စည်းတာ
ဆံပင်အမြင့်စည်းလိုက်ပြီး အောက်ဘက်ကျန်ခဲ့တဲ့ ဦးရေပြားပေါ်ကို Hair Spray ဖြန်းလိုက်တာက သင့်ခေါင်းနံ့ကို လူမသိစေတော့ပါဘူး။
၃။ ကျစ်ဆံမြီး
ကျစ်ဆံမြီးကျစ်လိုက်တဲ့အခါ ဆံပင်ပေါ် ကပ်နေတဲ့ ဖုန်မှုန့်တွေလည်း ကိုယ့်မျက်နှာပေါ် လာမထိတော့ပါဘူး။ ဒါ့အပြင်ဆံပင်ကိုလည်း ပုံစံအသစ်လေး ရစေမှာပါ။
၄။ Milkmaid Braid
ကျစ်ဆံမြီးကို နှစ်ဖက်စည်းပေးပေးရပါမယ်။ ပြီးနောက် ဒီကျစ်ဆံမြီးကိုခေါင်းပေါ်ပတ်တင်ပြီး ဆံပင်အဖျားကို ယိုးဒယားကလစ်နဲ့ ညှပ်ပေးရပါမယ်။ ဒီဆံပင်စတိုင်က သင့်ကို လုံးဝပြောင်းလဲသွားစေမှာပါ။
၅။ ဦးထုပ်
ခေါင်းမလျှော်ဘဲ အပြင်သွားတဲ့ အခါ ဦးထုပ်သာ ဆောင်းသွားလိုက်ပါ။ ဦးထုပ်ကြောင့် သင့်ခေါင်းချွေးနံ့ကို ကာရာရောက်သွားပါတယ်။
Photo Source: Pinterest
By MyStyle Myanmar