ဆံပင်ပျက်စီးနေရင် ဒီတိုင်းမထားပါနဲ့။ အများကြီးမလုပ်နိုင်ရင်တောင်မှ၊ ဆိုင်သွားလုပ်ဖို့ အချိန်မပေးနိုင်ရင်တောင်မှ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ ဒီဆံသားပြန်လည်ထိန်းသိမ်းနည်းတွေကို လုပ်ကြည့်ပါ။ ဆံသားပျက်စီးတာတွေ သက်သာပြီးတော့ ဆံသားပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။

နေပူထဲအကာအကွယ်မပါပဲမသွားပါနဲ့

နေပူထဲကို ဦးထုပ်၊ ထီးစတဲ့ အကာအကွယ်မပါပဲသွားတာက ဆံသားကို နေရောင်ခြည်တိုက်ရိုက်ထိတဲ့အတွက် ဆံသားပျက်စီးစေပါတယ်။ ဆံသားခြောက်ပြီးဖွာစေပါတယ်။

အပူချောင်းတွေလျှော့သုံးပါ

ဆံပင်ကကောက်စက်၊ ဖြောင့်စက်စတဲ့ အပူချောင်းတွေသုံးတာက ဆံသားအရမ်းပျက်စီးစေပါတယ်။ ဆံသားပျက်စီးနေရင် ဒါတွေသုံးတာကို ခဏရပ်ထားလိုက်ပါ။ Hair Dryer ကိုလည်း တတ်နိုင်သမျှလျှော့သုံးပေးပါ။ သုံးမယ်ဆိုရင်လည်း လေပူမသုံးပဲ လေအေးသုံးပေးပါ။

ဆံပင်ဆေးမဆိုးပါနဲ့

ဆံသားပျက်စီးနေတယ်ဆိုရင် ဆံပင်ဆေးဆိုးတာ၊ အရောင်ချွတ်တာတွေကို ရပ်ထားလိုက်ပါ။ မလုပ်ပါနဲ့။ ဆံသားပိုပျက်စီးသွားပါလိမ့်မယ်။

Hair Mask or Conditioner သုံးပါ

ခေါင်းလျှော်တိုင်းမှာ Shampoo တစ်မျိုးထဲမသုံးပဲနဲ့ Hair Mask or Conditioner သုံးပေးမယ်ဆိုရင် ဆံသားပျက်စီးနေတာ၊ ဆံပင်ဖွာတာ၊ ခြောက်သွေ့တာ၊ ဆံပင်ကြမ်းတာတွေ သက်သာပြီးတော့ ဆံသား ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။

Hair Oil လိမ်းပါ

Hair Oil မလိမ်းရင် ဆံသားခြောက်ပြီးဖွာပါတယ်။ ဒါကြောင့် Hair Oil သေချာသုံးပေးပါ။ ဆံပင်အဖျားလေးတွေကို နေ့တိုင်းလိမ်းပေးပါ။ Hair Oil ပုံမှန်လိမ်းပေးရင် ဆံသားတောက်ပြောင်ပြီး ဆံသားခြောက်တာ၊ ဖွာတာတွေလည် းမဖြစ်တော့ပဲ ဆံပင်နှစ်ခွတွေလည်း သက်သာစေပါတယ်။

နှစ်ခွဖြစ်တာတွေညှပ်ပေးပါ

တစ်လတစ်ခါ ပုံမှန် ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ပျက်စီးနေတာတွေကို ညှပ်ထုပ်ပေးပါ။ ဒါဆိုရင် ဆံပင်လည်းအရှည်မြန်ပြီး ဆံသားပျက်စီးနေတာတွေလည်း လျော့နည်းသွားမှာပါ။