Concealer က မိတ်ကပ်လိမ်းတဲ့ ပျိုမေတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ အလှကုန်တစ်မျိုးပါ။ Concealer က မျက်နှာအမည်းစက်တွေနဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။ လိမ်းတတ်ရင် အရမ်းကြည့်ကောင်းသွားတတ်သလို Concealer မသုံးတတ်တဲ့အခါ သူ့တစ်နေရာတည်း ကွက်ပြီး ဖြူနေတတ်ပါတယ်။ သင်က Concealer သုံးတယ်ဆိုရင်တော့ ဒီအချက်တွေကို သိထားသင့်ပါတယ်။

၁။ ဝက်ခြံအတွက်

ဝက်ခြံကို ဖုံးချင်တယ်ဆိုရင်တော့ အစိမ်းရောင် Concealer ကိုသုံးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အနီနဲ့ အစိမ်းက အရောင် Color Wheel ရဲ့ ဆန့်ကျင်ဘက် တစ်ဘက်တစ်ချက်စီမှာ ရှိပါတယ်။ အနီရောင် ဝက်ခြံကို အစိမ်းရောင် Concealer က ထိထိရောက်ရောက် ဖုံးကွယ်ပေးနိုင်မှာပါ။

၂။ ဖောင်ဒေးရှင်း အရင်လိမ်းပါ

တချို့မိန်းကလေးတွေက Concealer ကို အရင် လိမ်းတတ်ကြပါတယ်။ Concealer ကို အရင်လိမ်းပြီး ဖောင်ဒေးရှင်း နောက်မှ လိမ်းတဲ့အခါ ဖောင်ဒေးရှင်းနဲ့ ရောပါသွားတတ်ပါတယ်။ ဒါကြောင့် ဖောင်ဒေးရှင်းပြီးမှ Concealer ကိုလိမ်းသင့်ပါတယ်။

၃။ Concealer ကုန်ခဲ့ရင်

တကယ်လို့ သင့်ဆီမှာ Concealer မရှိဘူးဆိုရင်တော့ ဖောင်ဒေးရှင်းကိုပဲ ပြန်သုံးနိုင်ပါတယ်။ ကိုယ်ဖုံးချင်တဲ့နေရာကို Concealer အစား ဖောင်ဒေးရှင်းအနည်းငယ် ထပ်တို့ပေးနိုင်ပါတယ်။

၄။ မျက်အိတ်ဖောင်းတာအတွက်

သင်က မျက်အိတ်ဖောင်းတတ်တယ်ဆိုရင် Concealer ကို Eye cream, Highlighter နဲ့ ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။ ဒီသုံးမျိုးကို လက်ခုံပေါ်တင်ပြီး ရောပေးကာ မျက်အိတ်ဖောင်းတဲ့ နေရာပေါ် လိမ်းနိုင်ပါတယ်။

၅။ တြိဂံပုံစံ

Concealer ကို မျက်နှာပေါ်လိမ်းတဲ့အခါ တြိဂံပုံစံ ပုံဖော်ကာ လိမ်းပေးနိုင်ပါတယ်။ အပေါ်ကနေ အောက်ဘက်ကို တြိဂံပုံစံ ဆွဲချရပါမယ်။

၆။ မျက်ကွင်းညိုတာအတွက်

မျက်ကွင်းညိုတတ်တယ်ဆိုရင် Concealer ကို လိမ္မော်ရောင်နဲ့ Peach ဘက် သွားတဲ့ အရောင်မျိုး ရွေးသင့်ပါတယ်။

Source: Allwomenstalk

By MyStyle Myanmar